ဇူလိုင်််လ ၁၆ရက်နေ့က စတင်လေ့လာနိုင်မယ်လို့သိရပါတယ်။

ရန်ကုန်က ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နဲ့နတ်မောက်က နေအိမ်ပြတိုက်ကိုတော့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြန်လည်ဖွင့်လှစ်မယ်လို့သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၇၃ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့်ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်)တို့ကို အွန်လိုင်းက နေ လေ့လာနိုင်အောင် ဆောင်ရွက်ထားရှိနေပြီလို့ အမျိုးသားပြတိုက်(ရန်ကုန်)ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက Duwunကိုပြောပါတယ်။



“အဓိကကတော့ ကိုဗစ်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နေအိမ်ပြတိုက်တွေကို ပြည်သူလူထု ဝင် ရောက်လေ့လာခွင့်ပိတ်ထားချိန်မှာ အွန်လိုင်းကတစ်ဆင့် လေ့လာနိုင်အောင် ဆောင်ရွက်ပေးထားတာပါ။ လာမယ့် ဇူလိုင်လ ၁၆ရက်နေ့ကစတင်ပြီး ဝင်ရောက်လေ့လာနိုင်ပါပြီ။”လို့ ဦးခင်မောင်စိုးက ပြောပါတယ်။

ဓာတ်ပုံ - National Museum - Yangon

ဇူလိုင်လ ၁၆ရက်ကစတင်ပြီး ရက်အကန့်အသတ်မရှိ လေ့လာနိုင်မှာ ဖြစ်ကာ ကိုဗစ်ကာလအလွန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြတိုက်နဲ့နေအိမ်ကို ပြန်လည်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဝင်ရောက်လေ့လာနိုင်မယ့် ဝက်ဘ်ဆိုဒ်တွေကတော့ https://www.nationalmuseumyangon.gov.mm ၊ https://www.facebook/nationalmuseumyangon/ ၊ https://www.generalaungsanmuseum.com စတဲ့ လင့်ခ်တွေမှာဝင်ရောက်လေ့လာနိုင်မယ်လို့သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နဲ့နေအိမ်ပြတိုက်တွေကို ၂၀၁၉ ခုနှစ်မှာ ကျရောက်တဲ့ ၇၂ ကြိမ်မြောက် အာဇာနည်နေ့အထိ ပြည်သူလူထုကို အခမဲ့ဖြင့် လွတ်လပ်စွာ ဝင်ရောက်လေ့လာခွင့်ပြုထားကာ နိုင်ငံခြားသားတွေကိုတော့ မြန်မာငွေကျပ် ၅၀၀၀ ကျပ်နှုန်းနဲ့ဝင်ရောက်လေ့လာခွင့်ပြုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က