ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ ခရီးစဥ်လျှော့ချမှု၊ ဖျက်သိမ်းမှုတွေ တွေလုပ်ဆောင်ပြီး ရုန်းကန်နေရပါတယ်။

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံနှံ့မှုကြောင့် ခရီးသွားအရေအတွက် ထိုးကျသွားခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရတဲ့ လေကြောင်းလိုင်းတွေက ကမ္ဘာတစ်ဝှမ်း လေကြောင်းခရီးစဥ် ထောင်နဲ့ချီ ဖျက်သိမ်းခဲ့ကြပါတယ်။

(Photo: Reuters)

Ryanair လေကြောင်းလိုင်းက အီတလီ အသွားအပြန် ၎င်းရဲ့လေကြောင်းခရီးစဥ် အားလုံးကို ဧပြီလ ၈ ရက်နေ့အထိ ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ British Airway ကလည်း အဝင်အထွက် ပိတ်ပင်ထားတဲ့ အီတလီသို့ လေကြောင်းခရီးစဥ်တွေကို ဧပြီလ ၄ ရက်နေ့အထိ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။



ထို့အတူ EasyJet လေကြောင်းလိုင်းကလည်း မတ်လ ၁၀ ရက်နဲ့ ဧပြီလ ၃ ရက်နေ့အတွင်း အီတလီ အသွားအပြန် လေယာဥ်ခရီးစဥ်တွေကို ဖျက်သိမ်းထားပါတယ်။ Norwegian Air ကတော့ လာမယ့် သုံးလအတွင်း လေကြောင်းခရီးစဥ် ၃,၀၀၀ ခန့် လျှော့ချသွားမှာဖြစ်ပြီး ဝန်ဆောင်မှုပေးနေတဲ့ လေကြောင်းခရီးစဥ်များရဲ့ ၁၅ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။

(Photo: AFP/Getty Images)

Norwegian Air လေကြောင်းလိုင်းက ဝန်ထမ်းတွေကိုလည်း ယာယီ အလုပ်ရပ်နားထားရန် စီစဥ်ထားတယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ ဝန်ထမ်းတွေကို ယာယီ အလုပ်ရပ်နားထားဖို့ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ စလုပ်နေပါတယ်၊ လေယာဥ်အမှုထမ်းတွေရော လေယာဥ်ကွင်းနဲ့ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်း‌တွေကိုလည်း ယာယီ အလုပ်ရပ်နားထားဖို့ပါ" လို့ Norwegian Air ရဲ့ အမှုဆောင်အရာရှိချုပ် Jacob Schram က ပြောပါတယ်။

အီတလီနဲ့ တရုတ်သို့ ခရီးသွားလာမှု ကန့်သတ်ထားခြင်းက အချို့ ဝန်ဆောင်မှုတွေကို လုံးဝ ရပ်ဆိုင်းသွားစေခဲ့ပါတယ်။ ဒါ့အပြင် အားလပ်ရက်ခရီးထွက်သူတွေကလည်း ၎င်းတို့ရဲ့ ခရီးစဥ်တွေကို ဆိုင်းငံ့ထားခဲ့ပြီး ကုမ္ပဏီတွေကလည်း ဝန်ထမ်းများ ခရီးသွားခြင်းကို ကန့်သတ်ထားရာ လေယာဥ်စီးမယ့်သူ အရေအတွက် လျော့ကျနေခဲ့ပြီး ယခုလေကြောင်းလိုင်းများအပြင် ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ ခရီးစဥ်လျှော့ချမှု သို့မဟုတ် ဖျက်သိမ်းမှုတွေ တွေလုပ်ဆောင်ပြီး ရုန်းကန်နေရပါတယ်။

(Photo: Getty Images)

ဩစတြေးလျလေကြောင်းလိုင်း Qantas က အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဥ်တွေကို ၂၅ ရာခိုင်နှုန်းနီးပါးအထိ လျှော့ချထားကြောင်း သိရပါတယ်။ Virgin Atlantic အပါအဝင် လေကြောင်းလိုင်းအချို့ကတော့ လေယာဥ်တစ်စီးလုံး အလွတ်နီးပါးဖြစ်နေတဲ့ လေကြောင်းခရီးစဥ်တွေကို မဖြစ်မနေ ဆက်လက် ပျံသန်းနေရတယ်လို့ BBC သတင်းက ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ စည်းမျဥ်းတွေအရ ဟီးသရိုးကဲ့သို့ အဓိက လေဆိပ်ကြီးတွေမှာ အတက်အဆင်း ပြုလုပ်ခွင့်ရရန်အတွက် ထိုသို့ ဆက်လက် ပျံသန်းနေရတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ စည်းမျဥ်းအရ လေကြောင်းခရီးစဥ် မပျံသန်းပါ လေဆိပ်တွေမှာ အတက်အဆင်းလုပ်ရန် နေရာလက်လွှတ်ဆုံးရှုံးမယ်လို့ ဆိုပါတယ်။ သို့သော် လက်ရှိအခြေအနေတွေအရ လေကြောင်းလိုင်းတွေဟာ လေယာဥ်ခရီးစဥ်တွေ မပျံသန်းခဲ့ပါကလည်း အတက်အဆင်းလုပ်ခွင့်ပြုသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဌ Ursula Von der Leyen ကြေညာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က