ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံထားရသူတွေထံမှ အခြားသူများထံသို့ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိရာ ဝူဟန်မြို့မှ အမျိုးသမီးတစ်ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရပေမဲ့ လက္ခဏာမပြခဲ့ဘဲ သူမထံမှ ဆွေမျိုးငါးဦးသို့ ဗိုင်းရပ်စ်ကူးစက်သွားခဲ့ကြောင်း သိရပါတယ်။


ဗိုင်းရပ်စ်ကူးစက်ခံရပေမဲ့ ဖျားနာတဲ့လက္ခဏာ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်



(Photo: AFP)

ဝူဟန်မြို့မှ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးဟာ မြောက်ဘက် ၄၁၉ မိုင်ကွာဝေးတဲ့ အန်ယန်းမြို့သို့ သွားရောက်ခဲ့ပြီးနောက် ထိုမြို့ရှိ သူမရဲ့ဆွေမျိုးငါးဦးကို ဗိုင်းရပ်စ်ကူးစက်စေခဲ့ကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ ပြောပါတယ်။ အဆိုပါ အမျိုးသမီးဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရပေမဲ့ လက္ခဏာတစ်စုံတစ်ရာ မပြခဲ့ပါဘူး။

ထိုအခြေအနေအရ ယခုဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံထားရသူတွေထံမှ အခြားသူများထံသို့ ကူးစက်ပျံ့နှံ့နိုင်ကြောင်း အထောက်အထားအသစ်လည်း ဖြစ်လာခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ COVID-19 ဗိုင်းရပ်စ် မည်သို့ကူးစက်ပျံ့နှံ့ကြောင်းနဲ့ မည်သည့်အတွက် ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရပ်ခက်ခဲဖွယ်ရှိကြောင်း လေ့လာမှုကို Journal of the American Medical Association မှာ ဖော်ပြခဲ့ပါတယ်။


(Photo: AFP)

"တစ်ကယ်လို့ ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီးရင် ဖျားနာတာမဖြစ်ဘူးလားလို့ သိပ္ပံပညာရှင်တွေကို မေးမြန်းနေကြတယ်၊ အဲဒီအတွက် အဖြေကတော့ သိရှိထားရသလောက်က ဟုတ်ပါတယ် ဖျားနာတဲ့လက္ခဏာ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်" လို့ COVID-19 ဗိုင်းရပ်စ် လေ့လာမှုမှာ ပါဝင်ခဲ့သူ Vanderbilt University Medical Center မှ ရောဂါကူးစက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ William Schaffner က ပြောပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၂,၃၅၉ ဦးရှိလာပါတယ်

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ယနေ့ (ဖေဖေါ်ဝါရီ ၂၂ ရက်) နေ့လယ်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ လူ ၂,၃၄၅ ဦး၊ အီရန်မှာ ၄ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၂ ဦး၊ ဟောင်ကောင်မှာ ၂ ဦး၊ ၊ တောင်ကိုရီးယား ၂ ဦး၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၃၅၉ ဦးရှိလာပါတယ်။


(Photo: Jung Yeon-Je/AFP) 

ဖေဖေါ်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၆,၀၈၂ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇,၅၇၇ ဦးအထိရှိလာပြီး ၂၀,၉၇၆ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။ ထူးခြားမှုအဖြစ် တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ရက်ထက်တစ်ရက် သိသာစွာ မြင့်တက်လာမှုနဲ့ အီရန်မှာ နှစ်ရက်အတွင်း လူ ၁၈ ဦးမှာ ကူးစက်မှုတွေ့ရှိရပြီး ၄ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။


ကျွန
်တော်တို့ ကောင်းကောင်း လုပ်ဆောင်ကြမယ်ဆိုရင် အပြင်းအထန် ကပ်ဆိုက်မှုကို ရှောင်လွှဲနိုင်ပါတယ်



(Photo: AFP)


ထိုအတောအတွင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က နိုင်ငံတကာသို့ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အခွင့်အရေး နည်းပါးလာနေပြီဖြစ်ကြောင်းနဲ့ ထိန်းချုပ်ရေးကို အလျင်အမြန် လုပ်ဆောင်ရန်လိုအပ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

"ဒီဗိုင်းရပ်စ်က ဘယ်နေရာကိုမဆို ရောက်သွားနိုင်တယ်၊ ကျွန်တော်တို့ ကောင်းကောင်း လုပ်ဆောင်ကြမယ်ဆိုရင် အပြင်းအထန် ကပ်ဆိုက်မှုကို ရှောင်လွှဲနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီအခွင့်အရေးကို ဖြုန်းတီးပစ်မယ်ဆိုရင်တော့ ဆိုးရွားတဲ့ပြဿနာတစ်ရပ် ကျွန်တော်တို့ ကြုံလာမှာပါ" လို့ Tedros ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က