လူနှစ်ဦးထက်ပိုတဲ့ စုရုံးမှုတွေကို အနည်းဆုံး သီတင်းနှစ်ပတ်ကြာ တားမြစ်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာ COVID-19 ကူးစက်မှု ထိန်းချုပ်ရေး ပြင်းထန်တဲ့ စီမံဆောင်ရွက်မှုအဖြစ် လူနှစ်ဦးထက်ပိုတဲ့ စုရုံးတွေ့ဆုံမှုများ မပြုလုပ်ရန် တားမြစ်ပိတ်ပင်လိုက်ပါတယ်။

(Photo: Reuters)

ဂျာမနီအစိုးရက လူနှစ်ဦးထက်ပိုတဲ့ စုရုံးမှုတွေကို အနည်းဆုံး သီတင်းနှစ်ပတ်ကြာ တားမြစ်ပိတ်ပင်ကြောင်း မတ်လ ၂၂ ရက်နေ့မှာ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဗဟိုနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ယခု တားမြစ်ပိတ်ပင်မှုကို သဘောတူညီခဲ့ကြပြီး 'ထိတွေ့မှုတားမြစ်ချက်' အဖြစ် ၎င်းတို့က ခေါ်ဆိုကြကြောင်း RT သတင်းက ဖော်ပြပါတယ်။



မိသားစုများနဲ့ အိမ်ထောင်စုတစ်ခုမှာ အတူတကွ နေထိုင်ကြသူများမှလွဲပြီး ယခု တားမြစ်ပိတ်ပင်မှုမှာ အကျုံးဝင်သက်ရောက်ကြောင်း ဂျာမန်အဓိပတိ အန်ဂျလာ မာကယ်လ်က ပြောခဲ့ပါတယ်။ ဂျာမနီမှာ စားသောက်ဆိုင်တွေကိုလည်း ချက်ချင်း ပိတ်သင့်ကြောင်းနဲ့ ပါဆယ်ရောင်းချမှုကိုသာ ခွင့်ပြုသွားမယ်လို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ထို့အတူ ဆံပင်ညှပ်ဆိုင်နဲ့ အလှပြင်ခန်းမကဲ့သို့ နေရာတွေကိုလည်း ပိတ်ခိုင်းထားပါတယ်။

(Photo: Reuters)

ဆက်စပ် သတင်းတစ်ရပ်အရ ဂျာမန်အဓိပတိ မာကယ်လ်ဟာ ယခု စီမံဆောင်ရွက်မှုတွေကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မကြာမီမှာ သူမကိုယ်တိုင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တံ သံသယရှိမှုကြောင့် မတ်လ ၂၂ ရက်နေ့မှစပြီး ရောဂါခြေချုပ်ဖြင့် နေထိုင်လျက်ရှိကြောင်း သိရပါတယ်။

မာကယ်လ်ဟာ မကြာသေမီး ရက်ပိုင်းအတွင်းက ကာကွယ်ဆေးထိုးခဲ့ရာ နောက်ပိုင်းမှာ သူမကို ကာကွယ်ဆေးထိုးပေးခဲ့တဲ့ ဆရာဝန်ထံမှာ COVID-19 ဗိုင်းရပ်စ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ထိုအခြေအနေရ မာကယ်လ်ကိုယ်တိုင်လည်း ရောဂါခြေချုပ်ဖြင့် သီးသန့်ခွဲခြားနေထိုင်ရန် လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။

(Photo: AFP)

ဂျာမန်လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း မာကယ်လ်က ဂျာမနီမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်တွေ့ရှိလာရပြီးနောက် ပြောကြားခဲ့ဖူးပါတယ်။ မတ်လ ၂၂ ရက် ညပိုင်းအထိ စာရင်းတွေအရ ဂျာမနီမှာ COVID-19 ကူးစက်ခံရသူ ၁၈,၆၁၀ ဦး စစ်ဆေးတွေ့ရှိထားပြီး ၅၅ ဦး သေဆုံးခဲ့ပါတယ်။ ကူးစက်ခံရသူတွေအနက် ၂၆၆ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ မတ်လ ၂၂ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ၃၁၆,၅၃၉ ဦးရှိပြီး ၁၄,၃၆၅ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၉၇,၇၄၆ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က