ကိုရိုနာဗိုင်းရပ်စ် လူနာပါကြောင်း အတည်ပြုချက် ရပြီးနောက် စောင့်ကြည့်ထိန်းသိမ်းခံထားရတဲ့ ဂျပန်နိုင်ငံ ကမ်းက Diamond Princess ဇိမ်ခံသင်္ဘောပေါ် လိုက်ပါလာသူ ခရီးသည်များအတွက် အာဏာပိုင်တွေဟာ iPhone အလုံးရေ ၂၀၀၀ ခန့် အခမဲ့ လိုက်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
Diamod Princess သင်္ဘောပေါ်မှာ ခရီးသည် ၂၆၀၀ ကျော်နဲ့ ဝန်ထမ်း ၁၁၀၀ ခန့် လိုက်ပါခဲ့တာပါ။ ဒီသင်္ဘောပေါ်က အနည်းဆုံး လူပေါင်း ၁၇၄ ဦးမှာ COVID-19 ဗိုင်းရပ်စ်တွေ့ခဲ့ပြီးနောက် လူနာတွေကို ဂျပန်နိုင်ငံက ဆေးရုံတွေမှာ ပို့ဆောင်ကုသမှု ခံယူစေပြီး ကျန်ခရီးသည်တွေကို သင်္ဘောပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
Photo: Business Insider
Mocatakara ရဲ့ သတင်းမှာ ဂျပန်နိုင်ငံ ကျန်းမာရေးနဲ့ အလုပ်သမားရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သင်္ဘောပေါ်လိုက်ပါလာသူများအတွက် iPhone အလုံးရေ ၂၀၀၀ ခန့် အခမဲ့ လိုက်ဝေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အခမဲ့ လိုက်ဝေခဲ့တဲ့ iPhone တွေထဲမှာ လူနာတွေအနေနဲ့ ဆရာဝန်နဲ့ ဆက်သွယ်နိုင်မယ့် app တစ်ခုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ခရီးသည်တွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို အကောင်းဆုံး ရယူနိုင်စေဖို့ အခုလို စီစဉ်ထားတာ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောထားပါတယ်။
အခမဲ့ လိုက်ဝေပေးတဲ့ iPhone အမျိုးအစား မသိရပေမယ့် သင်္ဘောပေါမှာ ရိုက်ထားတဲ့ ဓါတ်ပုံအရ iPhone 6S ဖြစ်ဖို့ ရှိပါတယ်။iMore သတင်းမှာ ကနဦးက ဈေးပိုသက်သာတဲ့ အန်းဒရိုက်ဖုန်းများ ပေးဖို့ စီစဉ်ခဲ့ပေမယ့် ဖုန်းမှာ သုံးမယ့် app ဟာ အန်းဒရိုက်ထုတ်ကုန်တွေမှာ ကောင်းကောင်း အလုပ်မလုပ်မှာ စိုးရိမ်ချက်ကြောင့် iPhone တွေ ပေးခဲ့တာလို့လည်း ဆိုပါတယ်။
NBC News သတင်းအရ ခရီးသည်တွေကို သင်္ဘောပေါ်က ဆင်းခွင့်ပြုနေပြီ ဖြစ်ပြီး အနည်းဆုံး ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကုန်းပေါ်က စောင့်ကြည့်ကုသရေးစင်တာတွေမှာ ထားရှိသွားမယ်လို့လည်း သိရပါတယ်။