ဈေးမတန်မဆ တင်ရောင်းမှုများလည်း ရှိနေပါတယ်

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ နမိုးနီးယားဗိုင်းရပ်စ်ကူးစက်မှုကြောင့် အွန်လိုင်းစတိုးတွေမှာ surgical mask များ ပစ္စည်းပြတ်တဲ့အထိ ဝယ်လိုအားမြင့်တက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေဟာ ကော်ရိုနာဗိုင်းရပ်စ်သစ်ကနေ ကာကွယ်ဖို့ ပါးစပ်နှာခေါင်းစည်းများ ဝယ်နေကြတာ ဖြစ်ပါတယ်။ ဝယ်ယူမှု မြင့်တက်ခြင်းကြောင့် တရုတ်နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းစတိုးကြီးတွေထဲက နှစ်ခုဖြစ်တဲ့ Taobao နဲ့ JD.comတို့မှာ ပါးစပ်နှာခေါင်းစည်း ပစ္စည်းလက်ကျန်ပြတ်နေပြီလို့ China Daily က ဆိုပါတယ်။


Photo: Gizmochina

3M လို့ တရုတ်မှာ လူသိများတဲ့ Minnesota Mining & Manufacturing အွန်လိုင်းစတိုးကတော့ အင်္ဂါနေ့ကတည်းက ရိုးရိုး Face Mask အမျိုးမျိုး ပစ္စည်းပြတ်သွားခဲ့ပြီး ဈေးကြီးတဲ့ ပါးစပ်နှာခေါင်းစည်းနဲ့ Gel Hand Wash လက်ဆေးရည်တို့ကတော့ ပစ္စည်းလက်ကျန် ရှိနေသေးတယ်လို့ သိရပါတယ်။ အိမ်တိုင်ရာရောက် ဆေးဝါးပို့ဆောင်ပေးတဲ့ Dingdang Medicine Express မှာလည်း Face Mask ရောင်းအားဟာ ပြီးခဲ့တဲ့ တစ်ပတ်ကထက် ၂ ဆကျော် ရောင်းအားတက်နေပါတယ်။

"ပုံမှန် ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်းတွေဟာ အသက်ရှုလမ်းကြောင်းကနေ ဗိုင်းရပ်စ်ဝင်ရောက်မှုအများစုကို ကာကွယ်နိုင်ပါတယ်။"လို့ နမိုးနီးယားကူးစက်မှုကို စုံစမ်းနေတဲ့ အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့ ခေါင်းဆောင် ဇောင်နန်ရှန်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စလို့ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ကော်ရိုနာဗိုင်းရပ်စ်ဟာ လူပေါင်း ၄၀၀ ကျော် မှာ ကူးစက်ပျံနှံနေပြီး လောလောဆယ် သေဆုံးသူ ၉ ဦးအထိ ရှိလာတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံမှုကို အကြောင်းပြုပြီး မရိုးသားမှုတွေလည်း ရှိနေပါတယ်။ ပါးစပ်နှာခေါင်းစည်းတွေကို third-party လက်လီဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပေမယ့် မတန်မဆ ဈေးတင်မှုတွေလည်း ရှိထားပါတယ်။ သတင်းတွေအရ N95 mask တစ်ဗူးကို ၉၉ ယွမ် (မြန်မာငွေ ၂ သောင်းကျော်) ကနေ ယွမ် ၁၀၀၀ ( မြန်မာငွေ ၂ သိန်းကျော်) နီးပါးအထိ ဈေးတင်နေကြတယ်လို့ ဆိုပါတယ်။

JD.com ကတော့ သူ့ပလက်ဖောင်းပေါ်က Face Mask ဈေးတင်ရောင်းသူတွေကို ပိတ်ပင်အရေးယူထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က