အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် COVID-19 ကူးစက်မှုနှုန်း သုံးရက်ဆက်တိုက် လျော့ကျသွားခဲ့ကြောင်း တရုတ်အစိုးရက ကြေညာပါတယ်။
ဖေဖေါ်ဝါရီ ၁၆ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူ ၁,၆၇၀ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်
(Photo: Reuters)
တရုတ်အစိုးရက ယနေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်) ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၉ ဦး အသစ်တွေ့ရှိရပြီး သေဆုံးသူ ၁၄၂ ဦးဖြစ်ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ အာဏာပိုင်တွေ ထုတ်ပြန်မှုအရ ယခုသီတင်းပတ် အစောပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုများ မြင့်တက်ခဲ့ပြီးနောက်ပိုင်း သုံးရက်ဆက်တိုက် ကူးစက်မှုနှုန်းကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၁၆ ရက် ညပိုင်းအထိ တရားဝင် စာရင်းအချက်အလက်တွေအရ တရုတ်ပြည်မကြီးမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၈,၅၀၀ စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူအရေအတွက် ၁,၆၆၅ ဦးရှိလာပါတယ်။ ဂျပန်ဆိပ်ကမ်းမှာ ရပ်နားထားရတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီး အပါအဝင် တရုတ်ပြည်မကြီးပြင်ပ နိုင်ငံ၊ နယ်မြေဒေသနဲ့ နေရာတွေမှာ ဖေဖေါ်ဝါရီ ၁၆ ရက် ညပိုင်းအထိ စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၇၁ ဦး တွေ့ရှိထားပြီး ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ စုစုပေါင်း ၆၉,
၂
၇၁ ဦးအထိ မြင့်တက်လာပါတယ်။
ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်
(Photo: AFP)
ထိုအတောအတွင်း ထိုင်ဝမ်မှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုရှိလာကြောင်း သိရပါတယ်။ ထိုင်ဝမ်မှာ သေဆုံးခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာဟာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လတ်တလော ကာလအတွင်း နိုင်ငံရပ်ခြားသို့ ခရီးမသွားခဲ့ဖူးကြောင်း ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး Chen Shih-chung က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၁၆ ရက် ညပိုင်းအထိ စာရင်းတွေအရ ထိုင်ဝမ်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။ လက်ရှိအချိန်အထိ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများအဖြစ် ထိုင်ဝမ်မှာ ၁ ဦး၊ ဟောင်ကောင်မှာ ၁ ဦး၊ ဂျပန်မှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦးနဲ့ ပြင်သစ်မှာ ၁ ဦး သေဆုံးခဲ့ပါတယ်။
(Ph
oto: AFP)
ဖေဖေါ်ဝါရီ ၁၆ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးကုသမှုဖြင့် ပြန်လည်သက်သာလာသူ ကမ္ဘာတစ်ဝှမ်းမှာ ၉,၈၅၇ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၆၇၀ ဦး ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။
ဖေဖ
ေါ်ဝါရီ ၁
၆ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် အခြေအနေ ကိန်းဂဏန်းများ
- သေ
- ဆုံးသူအရေအတွက် ( ၁,၆၇၀ ဦး)
တရုတ် - ၁,၆၆၅
ဖိလစ်ပိုင် - ၁
ဂျပန် - ၁
ဟောင်ကောင် - ၁
ထိုင်ဝမ် - ၁
ပြင်သစ် - ၁
- သက်သာသွားသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း - ၉,၈၅၇
- အတည်ပြုထားသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း - ၆၉,၂၇၁
တရုတ်ပြည်မကြီး - ၆၈,၅၀၀
Diamond Princess အပျော်စီးသင်္ဘောပေါ် - ၃၃၅
စင်ကာပူ - ၇၅
ဟောင်ကောင် - ၅၆
ဂျပန် - ၅၂
ထိုင်း - ၃၄
တောင်ကိုရီးယား - ၂၈
မလေးရှား - ၂၂
ထိုင်ဝမ် - ၂၀
ဂျာမနီ - ၁၆
ဗီယက်နမ် - ၁၆
ဩစတြေးလျ - ၁၅
အမေရိကန် - ၁၅
ပြင်သစ် - ၁၂
မကာအို - ၁၀
ဗြိတိန် - ၉
ကနေဒါ - ၈
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) - ၈
အိန္ဒိယ - ၃
အီတလီ - ၃
ဖိလစ်ပိုင် - ၃
ရုရှား - ၂
စပိန် - ၂
ဘယ်လ်ဂျီယံ - ၁
ကမ္ဘောဒီးယား - ၁
အီဂျစ် - ၁
ဖင်လန် - ၁
နီပေါ - ၁
သီရိလင်္ကာ - ၁
ဆွီဒင် - ၁
(ဖေဖေါ်ဝါရီ ၁၆ ရက် မြန်မာစံတော်ချိန် ညပိုင်းအထိ သိရှိရတဲ့ သတင်းအချက်အလက်များအရဖြစ်ပြီး ကိန်းဂဏန်းအပြောင်းအလဲ ရှိလာနိုင်ပါတယ်)