အာတီတာရဲ့အသင်းက ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ပွဲစဉ်မှာ အာတီတာရဲ့အသင်းက ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စကတည်းက ဂန်းနားတွေက ဂိုးရှေ့မှာ တဝဲဝဲဖြစ်နေပြီး ၁၁ မိနစ်မှာ ရှလပ် ကန်ချက် တိုင်ထိပြီး ပြန်ထွက်လာတဲ့ဘောလုံးက ရမ်းစ်ဒေးလ် ခြေထောက်ထိပြီးနောက် ဂိုးတိုင်ဘေး ဝိုက်ထွက်သွားလို့ ပဲလေ့စ်တို့ တောက်တခေါက်ခေါက် ဖြစ်ခဲ့ရပါတယ်။ အိမ်ရှင် အာဆင်နယ်တို့ အဖွင့်ဂိုးရဖို့ သိပ်မစောင့်လိုက်ရဘဲ ၂၈ မိနစ်မှာ မာတီနယ်လီက ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို ဘယ်​ခြေနဲ့ အပြင်းကန်ပြီး ၁၉ နှစ်သား ပဲလေ့စ် အကယ်ဒမီထွက် ဂိုးသမား ဝစ်ဝေါ့ကို စျေးဦးဖောက်ပေးခဲ့တာပါ။

စျေးဦးဖောက်ခံရပြီးနောက် ပဲလေ့စ် ဂိုးပေါက်က ဝင်လာမစဲ တသဲသဲ ဖြစ်လာပြီး ၄၃ မိနစ်မှာ ဆာကာက ဘန် ဝှိုက်နဲ့ ဝမ်းတူးရိုက်ပြီး ဘယ်ခြေနဲ့ ဝိုက်ကန်သွင်းပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

ဒုတိယပိုင်းမှာ ပဲလေ့စ်က ဇာဟာ ဘယ်တောင်ပံကနေ မွှေနေတာကြောင့် ပြန်လာချင်သလိုလို ရှိနေပေမယ့်လည်း ၅၄ မိနစ်မှာ ချာကာက ထရော့ဆာ့ဒ်နဲ့ ဝမ်းတူးရိုက်ပြီး ဆယ်ကျော်သက် ဂိုးသမားလေး မကာကွယ်နိုင်အောင် ဂိုးဘယ်ဖက်အောက်ထောင့်ထဲ ဘယ်ခြေနဲ့ အားပါးတရ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

၆၃ မိနစ်မှာ ပဲလေ့စ်တို့ ဂိုးရချင်တော့လည်း အိုလစ်ဆီ ထောင့်ကန်ဘောကနေ ကန်တင်လိုက်တဲ့ ဘောလုံးက ရှလပ်ရင်ဘတ်မှန်ထိခဲ့တာကြောင့် ငါးကြော် မကြိုက် ကြောင်မိုက်မဖြစ်ရလေအောင် ပဲလေ့စ်ကွင်းလယ်လူက ဘယ်ခြေနဲ့ အနီးကပ် ဖြတ်ကန်ပြီး ချေပဂိုး တစ်ဂိုး ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

 

ချေပဂိုးရသွားတဲ့ ပဲလေ့စ်တို့ အားတက်ပြီး လူတွေထလဲတာ ဆင်ပျံကြီးတို့ အကြိုက်ဖြစ်သွားပြီး ၇၄ မိနစ်မှာ ဆာကာက ဗရုတ်သုတ်ခဖြစ်နေတဲ့ ပဲလေ့စ် နောက်ခံလူတွေကို ကျော်ပြီး တီယာနီ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲ အသာအယာပိတ်သွင်းပြီး ပွဲသိမ်းပေးလိုက်တာဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းအတွက် ယနေ့ပွဲစဉ်ဟာ နိုင်ငံတကာအားလပ်ရက်ပွဲမတိုင်ခင် နောက်ဆုံးကစားတဲ့ ပွဲစဉ်ဖြစ်ပြီး အားလပ်ရက်ကို အမှတ်ပေးထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ပြီး ဦးဆောင်သူတွေအဖြစ် ဖြတ်သန်းခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က