၂၀၂၄ ဇူလိုင်လထဲမှာ စပြီး ထုတ်လုပ်မှု လုပ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်" လို့ ပြောပါတယ်။

ဗီယက်နမ်လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Vingroup ပိုင် VinFast လျှပ်စစ်ကားကုမ္ပဏီကနေ ဒီနှစ်ထဲ မြောက်ကယ်ရိုလိုင်းနားမှာ ကားစက်ရုံတစ်ခု ဆောက်လုပ်သွားမယ်လို့ ကြေညာပါတယ်။ 

VSmart ဖုန်းတွေ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဒီလုပ်ငန်းစုကြီးဟာ အမေရိကန်မှာ IPO ဖွင့်ပြီး အများပြည်သူကို ရှယ်ယာကမ်းလှမ်းရောင်းချမှု မလုပ်ခင်မှာ လျှပ်စစ်ကားစက်ရုံဖွင့်မယ့်အကြောင်းကို ထုတ်ပြန်လိုက်တာပါ။ ဒီစက်ရုံဟာ Chatham County ရဲ့ Triangle Innovation Point မှာ တည်ရှိမှာ ဖြစ်တယ်လို့ VinFast အမှုဆောင်အရာရှိချုပ် Le Thi Thu Thuy က အီးမေးလ်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



စက်ရုံအတွက် ကနဦး ရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၂ ဘီလျံအထိ ရည်ရွယ်ထားပြီး ၂၀၂၄ ဒုတိယနှစ်ဝက်လောက်မှာ စက်ရုံဖွင့်လှစ် လုပ်ငန်းလည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း သူမက ဆိုပါတယ်။ 

Photo:: Yahoo Singapore


"ဒီဇိုင်းပိုင်း စပြီး လုပ်နေပါတယ်။ စက်ရုံတည်ဆောက်ရေးစီမံကိန်း လက်စသတ်နိုင်ဖို့ အမြန်လုပ်နေကြပါတယ်။ ၂၀၂၄ ဇူလိုင်လထဲမှာ စပြီး ထုတ်လုပ်မှု လုပ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်" လို့ သူမက ပြောပါတယ်။

Chatham County မှာရှိတဲ့ ဟက်တာ ၈၀၀ ကျယ်တဲ့ စက်ရုံကနေ လျှပ်စစ်ဘတ်စ်ကားတွေနဲ့ EV ဘက်ထရီတွေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ စက်ရုံဖွင့်လှစ်ပြီး လုပ်ငန်းစတင် လည်ပတ်ဖို့ ပါမစ်ရတာနဲ့ တစ်နှစ်ကို လျှပ်စစ်ကား ၁ သိန်းခွဲအထိ ထုတ်လုပ်နိုင်ဖို့ပါ ကုမ္ပဏီက ရည်မှန်းထားပါတယ်။ မြောက်ကယ်ရိုလိုင်းနား VinFast လျှပ်စစ်ကားကုမ္ပဏီကနေ လူ ၅ ယောက်စီး VinFast VF 8 နဲ့ ၇ ယောက်စီး VinFast VF 9 တွေပါ ထုတ်လုပ်သွားမှာ ဖြစ်ပြီး နှစ်မျိုးစလုံးက လျှပ်စစ်စွမ်းအင်သုံး SUVs တွေ ဖြစ်မယ်လို့ ဆိုပါတယ်။ 

မြောက်ကယ်ရိုလိုင်းနား စက်ရုံနဲ့ ပတ်သက်ပြီး စုစုပေါင်း ဒေါ်လာ ၆ ဘီလျံအထိ ရင်းနှီးမြှပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ Thuy က ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း VinFast ရဲ့ မြောက်ကယ်ရိုလိုင်းနားစက်ရုံစီမံကိန်းကနေ အလုပ်အကိုင်သစ် ၇၀၀၀ ကျော် ဖန်တီးနိုင်မယ်လို့ Twitter မှာ ပြောထားပါတယ်။ 

Photo: Nikkei Asia


VinFast ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးပုဂ္ဂလိကလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Vingroup ပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဗီယက်နမ်ရဲ့ အချမ်းသာဆုံးသူ‌ဌေး Pham Nhat Yuong ပိုင်ဆိုင်ထားတာပါ။ Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ Pham Nhat Vuong ဟာ ဒေါ်လာ ၆.၃ ဘီလျံခန့် ချမ်းသာမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာ VinFast ဟာ မြောက်အမေရိကနဲ့ ဥရောပဈေးကွက်တွေထဲ ၂၀၂၂ မှာ လျှပ်စစ်ကားသစ်နှစ်မျိုး ဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ်။ 

VinFast ဟာ အမေရိကန် ၊ ကနေဒါ ၊ ပြင်သစ် ၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတွေကိုလည်း ၂၀၂၂ နှစ်ကုန်ပိုင်းက စပြီး ကားတွေ တင်ပို့ဖို့ ရည်မှန်းထားပါတယ်။ ဈေးနှုန်းအနေနဲ့ VinFast VF 8 နဲ့ VF 9 လျှပ်စစ်ကားတွေကို ဒေါ်လာ ၄၁၀၀၀ ကနေ ၆၁၀၀၀ အကြား‌ သတ်မှတ်ထာပါတယ်။ VinFast မိခင်ကုမ္ပဏီ VinGroup ကတော့ နောက် ၅ နှစ် ၆ နှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၇ သိန်းကနေ ၁ သန်းအထိ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပြီး လောလောဆယ် VF 8 နဲ့ VF 9 တို့အတွက် အမှာစာ ၅ သိန်း ရထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က