မြို့ကြီးတွေကို lockdown လုပ်ရနိုင်မှုအတွက် ပြင်ဆင်ကြရန် ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောပါတယ်။

ဗီယက်နမ်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရန် အဓိကမြို့ကြီးတွေကို အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားရဖွယ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ကြရန် ဝန်ကြီးချုပ် Nguyen Xuan Phuc က ယနေ့ (မတ်လ ၃၀ ရက်) ပြောပါတယ်။

(Photo: VGP)

ဗီယက်နမ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၄ ဦးအထိ ရှိလာပြီးနောက် ဝန်ကြီးချုပ်က မြို့ကြီးတွေကို lockdown လုပ်နိုင်ဖွယ်အခြေအနေအတွက် ပြင်ဆင်ရန်ပြောခဲ့တာလည်း ဖြစ်ပါတယ်။ "ဟနွိုင်းနဲ့ ဟိုချီမင်း မြို့တွေက ဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအစဥ်တွေကို သုံးသပ်ပြီး လက်ရှိအခြေအနေနဲ့အညီ ပြင်ဆင်ရမှာ ဖြစ်ပါတယ်၊ ပြီးတော့ မြို့တွေကို lockdown လုပ်ရနိုင်ခြေအတွက် အသင့်ပြင်ထားရပါမယ်" လို့ ဗီယက်နမ်ဝန်ကြီးချုပ်က ပြောပါတယ်။



"ဗီယက်နမ်က ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အထွတ်အထိပ်ကာလကို ဝင်ရောက်ခဲ့ပါပြီ၊ အဓိက မြို့ကြီးတွေက နာရီတိုင်း မိနစ်တိုင်းမှာ စီမံဆောင်ရွက်တွေ အရှိန်မြှင့်လုပ်ဆောင်ကြရမှာပါ" လို့ ဝန်ကြီးချုပ် Phuc က ဆိုပါတယ်။ ဗီယက်နမ်မှာ အစိုးရက နိုင်ငံတကာလေကြောင်းခရီးစဥ် ဝင်ရောက်မှုတွေကို ရပ်ဆိုင်းထားပြီး ပြည်တွင်းလေကြောင်းခရီးစဥ်တွေကိုလည်း လျှော့ချထားပါတယ်။

(Photo: Reutes)

ထို့အတူ အများပြည်သူ စုရုံးမှုတွေကို တားမြစ်ထားပြီး မရှိမဖြစ် မဟုတ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဧပြီ ၁၅ ရက်နေ့အထိ ပိတ်ထားပါတယ်။ ဒါ့အပြင့် COVID-19 သံသယရှိသူတွေကို ရောဂါခြေချုပ်ဖြင့်ထားခြင်းနဲ့ ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့ဖူးသူတွေကို ရှာဖွေဖော်ထုတ်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

ဗီယက်နမ်မှာ လူဦးရေ ၇၅,၀၀၀ ကျော်ကို သီးခြားခွဲထားပြီး ရောဂါခြေချုပ်ဖြင့် ကျန်းမာရေးစောင့်ကြည့်နေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ဗီယက်နမ်အစိုးရက နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ၁,၀၀၀ အောက်သာဖြစ်ရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က