အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲအကြိုအဖြစ် ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး မြန်မာယူ-၁၉အသင်းကို ဖိတ်ကြားခဲ့တာပါ။

အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ မြန်မာယူ-၁၉လက်ရွေးစင်ဘောလုံး အသင်းဟာ ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ပြိုင်ပွဲမှာ တရုတ်ယူ-၁၉လက်ရွေးစင်၊ ထိုင်းယူ-၁၉လက်ရွေးစင်နဲ့ ဗီယက်နမ်ယူ-၁၉လက်ရွေးစင်အသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။

မြန်မာယူ-၉လက်ရွေးစင်ဘောလုံးအသင်းဟာ မတ်လ တတိယအပတ်အတွင်းမှာ ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဗီယက်နမ်ဖိတ်ခေါ်ပွဲက ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး မြန်မာယူ-၁၉အသင်းကိုဖိတ်ကြားခဲ့တာပါ။ မြန်မာယူ-၁၉အသင်းဟာ ဗီယက်နမ်ဖိတ်ခေါ်ပွဲမှာ အိမ်ရှင် ဗီယက်နမ်ယူ-၁၉၊ ထိုင်းယူ-၁၉၊ တရုတ်ယူ-၁၉အသင်းတွေနဲ့ ကစားရမှာပါ။



လေးသင်းပတ်လည်ယှဉ်ပြိုင်ကစားပြီး အမှတ်အများဆုံးနှစ်သင်းက ဗိုလ်လုပွဲ၊ အမှတ်အနည်းဆုံးနှစ်သင်းက တတိယနေရာလုပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို မတ်လ ၂၃ ရက်ကနေ ၃၀ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ နာထရန်မြို့မှာကျင်းပမှာပါ။

မြန်မာယူ-၁၉အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး အာဆီယံယူ-၁၉ချန်ပီယံရှစ်နဲ့ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ မြန်မာယူ-၁၉အသင်းဟာ ဗီယက်နမ်ဖိတ်ခေါ်ပွဲ အဖွင့်ပွဲအဖြစ် မတ်လ ၂၃ ရက်မှာ ဗီယက်နမ်ယူ-၁၉၊ မတ်လ ၂၅ရက်မှာ တရုတ်ယူ-၁၉၊ မတ်လ၂၇ရက်မှာ ထိုင်းယူ-၁၉အသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က