အာကာသ တွင်းနက်ကြီးလို့ ပြောတဲ့ Black Hole မှာ အလင်း ဖြတ်လို့ မရဘူး ၊ Atom ထက် အသေးငယ်ဆုံး မြူမှုန်ကို Particle လို ခေါ်ပြီး Black Hole ထဲ ကျသွားရင် ပြန်ပေါ်လာလေ့ မရှိပါဘူး။
Particle မဆိုထားနဲ့ နေရောင်ခြည်က အပူကို ကမ္ဘာဆီရောက်အောင် သယ်ပေးတဲ့ Electromagnetic Radiation ပါ ထွက်မရဘူး ဆိုတာကို 1974 မှာ သီအိုရီတွေနဲ့ Steven Hawking ပြောခဲ့ပါတယ်။
ဒါကို Event Horizon လို့ ခေါ်ပြီး Horizon Event ဟာ Black Hole အပြင်မှာ ရှိပါတယ် ၊ တနည်းအားဖြင့် Energy စွမ်းအင်ဟာ Particles သို့ လှိုင်းပုံစံနဲ့ ရှိနေပြီး Black Hole တဝှိုက် တောက်ပနေတဲ့ ခပ်ကွေးကွေး ၊ ခပ်ဝိုင်းဝိုင်း ပုံစံ Energy Ring အနေနဲ့ မြင်ရပါတယ်။
အိုက်စတိုင်း သီအိုရီ တစ်ခုဖြစ်တဲ့ General Relativity: Quick Physics 101 မှာ ဘယ်လို ပြောထားလဲဆိုရင် အဲ့ဒီ Ring ကို ကျော်ပြီး Black Hole ထဲ ဝင်မရဘူး ၊ ပြန်လည်း ထွက်မရဘူး။ ဘယ်ရောက်သွားမှန်းလဲ မသိဘူး။ သူ့ရဲ့ Gravitational Pull ဆွဲငင်အား အရမ်းများလို့ ဒြပ်မရှိ ၊ ဒုမရှိတဲ့ အလင်းတောင် မဖြတ်နိုင်ဘူး။
အဲ့သလို အဆုံးဆမဲ့ ပျောက်ဆုံးသွားတယ်ဆိုတဲ့ အချက်ကို Horizon Event မရှိရင် Black Hole မရှိဘူးလို့ 2014 မှာ Hawking ထပြောတော့ ရှုပ်ထွေးကုန်တယ်။ တကယ်တော့ Steven Hawking က Black Hole တကယ် မရှိဘူး ဆိုခဲ့တာ မဟုတ် ၊ လုံလောက်တဲ့ သက်သေ မရှိခဲ့လို့ အငြင်းပွားစရာ ဖြစ်လာခဲ့တယ်။
တကယ်တော့ Horizon Event နဲ့ ပတ်သက်ပြီး ယူဆချက်သာ ဖြစ်ပေမယ့် 20 ရာစု အလယ် Quantum Mechanics ပေါ်လာတဲ့အခါ မဟုတ်ဘူးဆိုတာ လက်ခံလာတယ်။ ဒီနေရာမှာ Quantum Physics အကြောင်း အနည်းငယ် ပြောဖို့လိုမှာပါ။
သက်ရှိ ၊ သက်မဲ့ အရာအားလုံးကို ဖွဲ့စည်းထားတဲ့ အခြေခံ အကျဆုံး Atom အပြင် Atom ထဲက Nucleus ကို ဗဟိုပြုပြီး လည်နေတဲ့ Electron နဲ့ စွမ်းအင် အကြောင်းကို အနုစိပ်လေ့လာတာပါ။
Quantum Physics ထဲက စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုကို ဆွဲထုတ်ပြရင် Atom တစ်လုံးမှာ Nucleus ကို ဗဟိုပြုလည်နေတဲ့ Electron ဟာ ဆိုကြပါစို့ Particle သို့ လှိုင်းပုံစံ Waveform နဲ့ ဂြိုလ်တုက ကမ္ဘာကို လည့်သလို လည်နေတယ်။
ဒီ Electron ဟာ စွမ်းအင် ဆုံးရှုံး သို့ ရလိုက်တဲ့အခါ သူ့ လမ်းကြောင်းကနေ လွတ်ထွက်ပြီး တခြား ပတ်လည်းထဲ ရောက်ချင် ရောက်သွားမယ် ၊ မူလအတိုင်း ပြန်ဖြစ်ချင်မှ ဖြစ်မယ်၊ ဒီသဘောတရားကို လေ့လာရင်း Transistor ကို ဖန်တီးနိုင်ခဲ့တယ်။
ဒါထက် Black Hole နဲ့ ဆက်စပ်နေတာ Subatomic လို့ခေါ်တဲ့ Atom ထက်တောင် သေးငယ်တဲ့ Particles ကို Absolute Zero ခေါ် အနှုတ် 273.15 C မှာ လေထု သိပ်သည်းဆထက် အဆ တစ်သိန်း သိပ်သည်းမှုနဲ့တဲ့ Condition မှာ အေးခဲပစ်ရင် Quantum Effect ကို Wavelength လှိုင်းအလျား ပုံစံနဲ့ မိုက်ခရိုစကုပ်အောက်မှာ မြင်နိုင်တာပါ။
ဒါကို Bose-Einstein Condensate (BEC) လို့ ခေါ်ပြီး 1924 – 1925 မှာ အိုက်စတိုင်း ခန့်မှန်းမှုသာ လုပ်ခဲ့ပေမယ့် 1995 မှာ Eric Cornell နဲ့ Carl Wieman သိပ္ပံပညာရှင်နှစ်ဦးက Rubidium Atom သုံးပြီး ကော်လိုရာဒို တက္ကသိုလ်မှာ ပထမဆုံး Einstein Condensate (Bose Gas) ကို ဖန်တီးခဲ့ပါတယ်။
ဒါက ဘယ်လို သွားဆက်စပ်တုန်းဆိုရင် Black Hole ထဲ ဝင်သွားတဲ့ အရာအားလုံးဟာ အဆုံးဆမဲ့ သွားတာ မဟုတ်ဘဲ ဆိုကြပါစို့ ပြုတ်ကျပြီး တစ်စစီ ကွဲသွားတဲ့ ဖန်ခွက်လို Black Hole ထဲ ရောက်သွားရင် Subatomic Particle (Atom ထက် အများကြီး သေးတာပေါ့) ဖြစ်ကုန်ပြီး တစ်စီ လွင့်ထွက်ကုန်တယ်။
ဒါကို သီအိုရီအရ ပြန်ပြီး တည်ဆောက်လို့ရတယ်ဆိုတာကို အာကာသ တွင်းနက်များ လေ့လာသူ Joseph Polchinski က ဆိုထားပြီး ဒီ Quantum Law နဲ့ ပတ်သက်လို့ “စကြာဝဠာကို အံစားတုံးနဲ့ ဘုရားသခင်တွေ လောင်းကြေးမထပ်ဘူး” ပြောတာကို သုံးသပ်ရင် အိုက်စတိုင်း ငြင်းဆန်ခဲ့ပုံရပါတယ်။
Hawking Radiation ဆိုတာ စွမ်းအင် တဖြေးဖြေး ကုန်ဆုံးပြီး အခိုးငွေ့ဖြစ် Black Hole ပျောက်ကွယ်သွားတာကို ပြောတာပါ။
ဒီဖြစ်စဥ်မှာ Quantum Effect ပေါ်တယ်လို့ သီအိုရီ အရ ပြောထားပေမယ့် Black Hole နား ဘယ်သူမှ အနားကပ် မလေ့လာရဲပါဘူး။
ဒါကို ဘေကျင်း တက္ကသိုလ်ရဲ့ Quantum Information Sciences ၊ Tianjin တက္ကသိုလ်တို့ရဲ့ သုတေသန ပညာရှင်များက Quantum Bit (qubits) နဲ့ တွက်ချက်နိုင်တဲ့ Superconducting Processor သုံးပြီး Hawking Radiation သီအိုရီကို Stimulated Black Hole နဲ့ စမ်းသပ်ခဲ့ပါတယ်။
Black Hole တစ်ခု အရမ်းကြီးလာတဲ့အခါ Three Dimension ကို ပေါင်းစည်းထားတဲ့ Space-time ကို အနှောက်ယှက် ဖြစ်စေနိုင်ပြီး အရွယ်စားကြီးလေ Space-time Curve ပိုနက်လေ ၊ သူပိုနက်လေ Quantum Fluctuation ဖြစ်ပြီး စွမ်းအင် ပြောင်းလဲမှု ဖြစ်တဲ့အခါ Particles တွေ မှုတ်ထုတ်တာကို Hawking Radiation လို့ ခေါ်ပါတယ်။
ဒီယူဆချက် တအား အနုစိပ်လွန်းလို့ စမ်းမယ့် ကိရိယာတောင် မပေါ်သေးဘူးလို့ ပြောကြတယ်။
ဒါကို Analogue Black Hole နဲ့ လေ့လာခဲ့ပြီး တွေ့ရှိချက်အရ Quasiparticle ခေါ် အစိုင်ခဲ ပုံစံရှိပြီး လည်နေတဲ့ လှိုင်းတွေစုဝေးထားတဲ့ Particle (ယူဆချက်) တွေဟာ Event Horizon ကနေ ထွက်နိုင်ချေ အမြဲရှိနေပြီး ၎င်းတို့ရဲ့ Radiate လုပ်နိုင်စွမ်းဟာ Hawking အဆို နဲ့အတူတူဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့ ဆောင်းပါးမှာ တရုတ်တွေ ပြောထားတယ်။
Horizon အပြင်မှာ ဖြစ်ခဲ့တဲ့ Hawking Radiation Activity ကို qubits နဲ့ တိုင်းတာခဲ့ပြီး Black Hole နဲ့ သက်ဆိုင်တဲ့ တခြား အကြောင်းရာတွေ ထပ်လေ့လာဖို့ Tunable Coupler နဲ့ ထိန်းချုပ်ထားတဲ့ Superconducting Quantum Processor ကို ပရိုဂရမ်နဲ့ Stimulate လုပ်ရုံပါလို့ ခေါင်းဆောင် သုတေသီ ပြောထားပါတယ်။
ယခု စမ်းသပ်မှုမှာတော့ qubits နှစ်ခုကို တပြိုင်နက် တွက်ချက်နိုင်တဲ့ Coupler 9 ခုထိ သုံးထားပြီး Analogue Black Hole ဆိုတာ Electromagnetic Wave တွေ ကန့်သတ်ထားတဲ့ ဧရိယာထဲက မထွက်နိုင်အောင် သီအိုရီအရ ဖန်တီးထားတဲ့ Black Hole ဖြစ်ကြောင်း သိရပါတယ်။
Source: SCMP
Share