ကစားသမားတွေအနေနဲ့ အိမ်ကွင်းဂျာစီအနီ၊ အဝေးကွင်းဂျာစီအနက် နဲ့ လေ့ကျင့်ခန်းဝတ်ဂျာစီတွေကို ကွဲပြားစွာဝတ်ဆင်ခဲ့ကြပြီး အသားအရောင်အမျိုးမျိုးကို ကိုယ်စားပြုခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်ကလပ်လီဗာာပူးလ်အသင်းဟာ တနင်္လာနေ့က သူတို့အသင်းရဲ့အိမ်ကွင်းအန်ဖီးလ်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင့်ကန့်ကွက်ကြောင်းပြသတဲ့ Black Lives Matter လှုပ်ရှားမှုကို ထောက်ခံပါဝင်ခဲ့ပါတယ်။ အသင်းကွင်းလယ်မှာ ကစားသမားတွေက ဒူးတစ်ဖက်ထောက်ကာ ထိုင်နေခဲ့ကြပြီးတော့ ပွဲကြည့်စင်ပေါ်မှာရှိတဲ့ ကင်မရာဘက်ကို မျက်နှာမူနေခဲ့ကြပါတယ်။
ကစားသမားတွေအနေနဲ့ အိမ်ကွင်းဂျာစီအနီ၊ အဝေးကွင်းဂျာစီအနက် နဲ့ လေ့ကျင့်ခန်းဝတ်ဂျာစီတွေကို ကွဲပြားစွာဝတ်ဆင်ခဲ့ကြပြီး အသားအရောင်အမျိုးမျိုးကို ကိုယ်စားပြုခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုဓာတ်ပုံကို အသင်းကွင်းလယ်လူဝိုင်နယ်ဒမ်က သူ့ရဲ့တွစ်တာမှာ ပြန်လည်မျှဝေခဲ့ပြီး "စည်းလုံးခြင်းသည် အင်အား" လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ရေးသားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဂျော့ဖလွိုက်ကတော့ မင်နီယာပိုလစ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ၈ မိနစ်ကြာ လည်ပင်းကို ဒူးနဲ့အဖိခံခဲ့ရပြီးနောက် သေဆုံးခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သေဆုံးခဲ့မှုဟာ အမေရိကန်တစ်နို်င်ငံလုံးကို ဆူပူအုံကြွမှုဖြစ်စေခဲ့ပြီး နိုင်ငံဒေသအနှံ့အပြားမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး အဓိကရုဏ်းဖြစ်စဉ်တွေပါ ဆင့်ပွားဖြစ်လာခဲ့တဲ့အထိ အကျိုးသက်ရောက်မှုကြီးမားလာခဲ့ပါတယ်။