ဂါဘွန်ကိုလည်း Black Panther လို့ ခေါ်တယ်လို့ ပြောခဲ့ပါတယ်။

ယမန်နေ့ညက ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရန်းနက်စ်အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၂ ကျော့ပေါင်းရလဒ် ၄-၃ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။



အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို အူဘာမီယန်းနဲ့ မိတ်လန်းနိုင်းစ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ Marvel ဇာတ်လမ်းထဲက Black Panther မျက်နှာဖုံးနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်ဟာ ယခင်က Batman နဲ့ Spider Man မျက်နှာဖုံးကို ဝတ်ဆင်ပြီး အောင်ပွဲခံခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပြီးနောက် Black Panther မျက်နှာဖုံးနဲ့ ဘာကြောင့် အောင်ပွဲခံခဲ့ရတာလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

“ကျွန်တော့်ကို ကိုယ်စားပြုတဲ့ မျက်နှာဖုံးတစ်ခု လိုအပ်ခဲ့ပါတယ်။ Black Panther က အာဖရိကကပါ။ ဂါဘွန်ကိုလည်း ကျွန်တော်တို့က Black Panther လို့ ခေါ်ပါတယ်”လို့ BT Sport ကို ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပထမအကျော့က ရန်းနက်စ်အသင်းအိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အမ်းမရိတ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ပြန်အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့တွေ့ဆုံရမလဲဆိုတာကို ယနေ့ညနေ မဲခွဲပွဲမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က