ကျန်ရစ်သူ မိသားစုတင်ခဲ့တဲ့ နာရေးပို့စ်ပါ

Outအသက် ၄၃ နှစ်အရွယ်မှာ ကင်ဆာကြောင့် ကွယ်လွန်သွားတဲ့ မင်းသားကြီး ချက်ဒ်ဝစ်ဘို့စ်မန်းရဲ့ နာရေးပို့စ်ဟာ Twitter ပေါ်မှာ like အများဆုံး နဲ့ retweet လုပ်မှု အမြင့်ဆုံးပို့စ် ဖြစ်တယ်လို့ Twitter က ဆိုပါတယ်။

Black Panther မင်းသားကြီးအဖြစ် နာမည်ကြီးတဲ့ ချက်ဒ်ဝစ်ဘို့စ်မန်းဟာ ၄ နှစ်ကြာ ခံစားလာခဲ့တဲ့ အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာပါ။ ကျန်ရစ်တဲ့ သူမိသားစုဟာ ဘို့စ်မန်းရဲ့ အကောင့်မှာ နာရေးသတင်းအဖြစ် ပို့စ်အဖြစ် တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပို့စ်ဟာ ဘို့စ်မန်းရဲ့ နောက်ဆုံးပို့စ်လည်း ဖြစ်ပါတယ်။



Photo: ချက်ဒ်ဝစ်ဘို့စ်မန်းရဲ့ Tweet

လူမှုကွန်ရက်ကုမ္ပဏီ Twitter ရဲ့ တရားဝင်အကောင့်မှာ ဒီပို့စ်ဟာ Like အများဆုံးရတဲ့ Tweet လို့ ဖော်ပြထားပါတယ်။ Black Panther မင်းသားရဲ့ နာရေးပို့စ်ဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ Like ပေါင်း ၇.၂ သန်း ၊ retweet ရေးသူ ၃.၁ သန်းကျော် နဲ့ reply ပြန်သူ ၁သိန်းခွဲကျော် ရှိပါတယ်။ ဒီအရင် Twitter မှာ like အများဆုံးပို့စ်ဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၃ရက်နေ့မှာ တင်ခဲ့တဲ့ သမ္မတအိုဘားမားရဲ့ ပို့စ်ဖြစ်ပြီး Like ပေါင်း ၄.၃သန်းကျော် ရှိခဲ့တာပါ။

ပို့စ်မှာ "စစ်မှန်တဲ့ ဖိုက်တာတစ်ဦးဖြစ်တဲ့ ချက်ဒ်ဝစ်ဟာ အစွမ်းကုန်တောင့်ခံခဲ့ပြီး သင်တို့ ချစ်ရတဲ့ ရုပ်ရှင်အများအပြားကို ယူဆောင်လာခဲ့ပါတယ်။ Marshall ကနေ Da 5 Bloods အထိ ဩဂတ်စ်ဝီလ်ဆန်ရဲ့ Ma Rainey's Black Bottom စတဲ့စတဲ့ ရုပ်ရှင်ကားတွေကို ရောဂါကြောင့် မရေတွက်နိုင်တဲ့ ခွဲစိတ်ကုသမှုတွေနဲ့ Chemotherapy ဆေးသွင်းမှုတွေလုပ်နေရင်း တန်းလန်းနဲ့ ရိုက်ကူးခဲ့ပါတယ်" လို့ ပါရှိပါတယ်။

Photo: Headtopic

ချက်ဒ်ဝစ်ဟာ ၂၀၁၆ ခုနှစ်မှာ အဆင့် ၃ အူမကြီးကင်ဆာစတင်ခံစားခဲ့ရပြီး ၄ နှစ်အကြာမှာ ကင်ဆာအဆင့် ၄ နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဩဂုတ်လ ၂၈ ရက် သောကြာနေ့မှာတော့ အသက် ၄၃ နှစ်အရွယ် မင်းသားကြီးဟာ မိသားစုကို အနားမှာ ထားပြီး လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။ 

ချက်ဒ်ဝစ်ရဲ့ Twitter ပို့စ်အောက်မှာ ဒွိုင်းဂျွန်ဆင် ၊ သမ္မတလောင်း ဂျိုးဘိုင်ဒင် ၊ သမ္မတဟောင်း ဘားရက်ခ်အိုဘားမား ၊ ဘို့စ်မန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ ခရစ္စအီဗန်နဲ့ ရောဘတ်ဒေါင်းနင်း ဂျူနီယာ ၊ The Academy နဲ့ NAACP တို့လို နာမည်ကျော်ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများမှ စာနာကြေကွဲကြောင်း retweet တင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က