တောင်ကိုရီးယားမှာ ရောင်းချထားပါတယ်

Samsung ဟာ Galaxy Note 10 စီးရိးကို cryptocurrency app သုံးနိုင်မယ့် Blockchain ဖုန်းအဖြစ် edition သစ်နဲ့မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Wall Street Journal မှာ ဖော်ပြချက်အရ Samsung Galaxy Note 10 line up ကနေ ထုတ်ကုန်သစ်အဖြစ် ထွက်လာမယ့် ဖုန်းဟာ KlaytnPhone လို့နာမည်ပေးထားတယ်လို့ဆိုပါတယ်။ Klaytn ဟာ တောင်ကိုရီးယားက messaging ကုမ္ဗဏီ Kakao ရဲံ crytpocurreny ဖြစ်ပြီး Samsung နဲ့ပူးပေါင်းပြီး KlaytnPhone အဖြစ် မိတ်ဆက်လိုက်တာပါ။


Photo: GSMArena


KlaytnPhone ဗားရှင်း Note 10 5G နဲ့Note 10+ 5G တို့ကို တောင်ကိုရီးယားနိုင်ငံမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး ဒီဇိုင်းနဲ့hardware ပိုင်းမှာ ဒီဖုန်းဟာ မူရင်း Galaxy Note 10 5G နဲ့Note 10+ 5G တို့နဲ့အတူတူဖြစ်ပြီး crypto wallet တစ်ခု ပါရှိခြင်းနဲ့blockchain apps အများအပြား ထည့်သွင်းလာခြင်းပဲ ကွာခြားတာ ဖြစ်ပါတယ်။

ဒီလို pre-installed အဖြစ် blockchain app တွေ ထည့်သွင်းပေးထားသလို Kakao ရဲ့cryptocurrency ဖြစ်တဲ့ Klay tokens ပေါင်း ၂၀၀၀ ပေးသွားမယ်လို့ဆိုပါတယ်။ နောက်ထပ် သီးသန့်features ကတော့ Samsung Blockchain Keystore ဖြစ်ပြီး KlaytnPhone တွေထဲမှာ Klaytn ရဲ့ ပလက်ဖောင်းပေါ်က extended blockchain transactions နဲ့ ဖုန်းမှာ key storage data တွေကို တိုက်ရိုက်သိမ်းနိုင်တော့မှာပါ။

Photo: tokenpost

Samsung ဟာ ယခုနှစ် မတ်လထဲမှာ crypto ငွေကြေး အလွဲှအပြောင်း လုပ်နိုင်မယ့် Galaxy S10 ဖုန်းကို ကြေညာခဲ့ပါတယ်။ ဒီဖုန်းဟာလည်း ether (ETH) နဲ့ethereum အခြေခံ ERC-20 tokens လိုမျိုး cryptocurrency တွေကို ပံ့ပိုးပေးနိုင်တဲ့ digital wallet နဲ့လာတာပါ။ KlaytnPhone ကတော့ Antube ၊ FitsMe ၊ Haemuknamnyeo ၊ Piction Network နဲ့Womanstalk တို့လို Klaytn blockchain app ၅ ခု တစ်ခါတည်း ထည့်သွင်းထားပါတယ်။

KlaytnPhone Galaxy Note 10 5G နဲ့Galaxy Note 10+ 5G တို့ကို ကိုရီးယား ဝမ် ၁၂၄၈၅၀၀ ( မြန်မာငွေ ၁၆ သိန်းခန့်) ဈေး နဲ့ ဝမ် ၁၃၉၇၀၀၀ ( မြန်မာငွေ ၁၇ သိန်း ၉ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။ တကယ်လို့ 512GB ဗားရှင်း Galaxy Note 10 + 5G KlaytnPhone ဝမ် ၁၄၉၆၀၀၀ ( မြန်မာငွေ ၁၉ သိန်းခန့်) ဈေးနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က