ဒီဇိုင်းဆွဲဆောင်မှုမြင့်တဲ့ စမတ်ဖုန်းပါ

Tecno ဖုန်းကုမ္ပဏီရဲ့ ဒီဇိုင်းဆန်း Special Edition ဖုန်းသစ်တစ်မျိုး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 

နှစ်ဆန်းပိုင်းက မိတ်ဆက်ခဲ့တဲ့ Tecno Spark 9 Pro ကိုမှ BMW Group အတွက် ဒီဇိုင်းတွေ တီထွင်ရေးဆွဲပေးနေတဲ့ ဒီဇိုင်းဆန်းသစ်တီထွင်ရေးစတူဒီယို Designworks နဲ့ ပူးပေါင်းပြီး Sport Edition အဖြစ် အသစ် မိတ်ဆက်သွားတာပါ။ အထူးဒီဇိုင်းအဖြစ် ထွက်လာတာ ဖြစ်လို့ သုံးထားတဲ့ ပစ္စည်း ၊ အရောင် နဲ့ ကာလာတင်မှုကအစ Designworks ကပဲ တာဝန်ယူတာ ဖြစ်ပါတယ်။ Tecno Spark 9 Pro Sport Edition ဟာ Icy Crystal Tailsman တစ်ခုဆီကနေ ဒီဇိုင်းနည်းယူထားတာ ဖြစ်ပြီး သလင်းကျောက်ပြာနဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ အဖြူရောင်ကိုမှ တြိဂံထောင့်ချိုးတွေထည့်သွင်းပေးထားတာပါ။ 





ကျောဘက် စက်ဝိုင်းပုံကင်မရာ Islands နှစ်ခုကို BMW logo နဲ့ ဆင်ထားပါတယ်။ BMW Designworks နဲ့ ပူးပေါင်းတဲ့ Tecno Spark 9 Pro Sport Edition ဟာ တန်ဖိုးမြင့်ဇိမ်ခံကားတွေကို နှစ်သက်တဲ့ လူငယ်အသုံးပြုသူတွေကို ဦးတည်ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်ပြီး ဒီဇိုင်းအဖွဲ့က စမတ်ဖုန်းကို ကားနဲ့တူအောင်လုပ်ပြီး ကိုယ့်ကားနဲ့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုပိုအတွင်းကျအောင် ဖန်တီးထားတာပါ။ 

တခြား Feature တွေအရ Sport Edition ဟာ ပုံမှန် Spark 9 Pro နဲ့ အတူတူပဲ ဖြစ်ပြီး မျက်နှာပြင် ၆.၆ လက်မ IPS LCD (FHD+) Display နဲ့ လာပါတယ်။ Helio G85 Chipset သုံးထားပြီး RAM 4GB/128GB Storage နဲ့အတူ Storage ကို ထပ်မြှင့်နိုင်အောင်လည်း လုပ်ထားပါတယ်။ Android 12 အခြေခံ HIOS 8.6 စနစ် ပါရှိပြီး 50MP Main ကင်မရာ ၊ 32MP Selfie ကင်မရာ နဲ့ 18W Fast Charging ပါ 5000mAh ဘက်ထရီတို့ သုံးထားပါတယ်။ 

Tecno Spark 9 Pro (Sport Edition) ကို အာဖရိက ၊ လက်တင်အမေရိက နဲ့ အရှေ့အလယ်ပိုင်းဈေးကွက်တွေမှာ ရောင်းချဖို့ စီစဉ်ထားပြီး ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက် မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က