အပြောင်းအရွှေ့စရိတ် ပြန်ရှာသွားမှာပါ။

လက်ရှိမှာ ယူနိုက်တက်ကွင်းလယ်ပို်င်းမှာ ကစားသမားတွေ အလုံအလောက်ရှိနေပြီး ပါရဲရားကို ရောင်းထုတ်ကာ ဗန်ဒီဘိခ်နဲ့ တိုက်ရိုက်အစားထိုးသွားမှာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် အသင်းကွင်းလယ်လူပါရဲရားကို ရောင်းချသွားဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ ပေါင် ၄၄သန်းတန်ကြေးရှိတဲ့ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့အတွက် ပါရဲရားကို ရောင်းချပြီး အပြောင်းအရွှေ့အတွက် ငွေကြေးရှာဖွေသွားမှာလည်း ဖြစ်ပါတယ်။ 

ယူနိုက်တက်က ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေတယ်လို့ အေဂျက်ဇ်အားကစားဒါရိုက်တာဗန်ဒါဆားကလည်း အတည်ပြုထားပြီး ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေလို့ အပြိုင်ခေါ်ယူရမှာဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ကွင်းလယ်ပို်င်းမှာ ကစားသမားတွေ အလုံအလောက်ရှိနေပြီး ပါရဲရားကို ရောင်းထုတ်ကာ ဗန်ဒီဘိခ်နဲ့ တိုက်ရိုက်အစားထိုးသွားမှာလည်းဖြစ်ပါတယ်။ 

ဗန်ဒီဘိခ်ကတော့ အေဂျက်ဇ်အတွက် ဒီရာသီမှာ ၈ ဂိုးသွင်းကာ ၅ကြိမ်ဖန်တီးပေးထားပြီး ခြေစွမ်းပြနေခဲ့ပါတယ်။ အေဂျက်ဇ်ရဲ့ အဓိကကစားသမားတစ်ဦးလည်းဖြစ်ပြီး ပြိုင်ပွဲစုံ ၁၇၅ ပွဲကစားပေးအပြီးမှာ ၄၁ ဂိုးအထိ ရရှိထားခဲ့ကာ ဖန်တီးမှုအများအပြားလည်း ပြုလုပ်ပေးနိုင်ခဲ့ပြီး ကွင်းလယ်နေရာစုံမှာ ကစားနိုင်သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ 

ပါရဲရားအနေနဲ့ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ဆုံးရှုံးနေပြီး ပေါ့ဂ်ဘာ၊ ဖာနန်ဒက်၊ မက်တော်မီနေး၊ မာတစ်တို့ကို ကျော်ပြီး နေရာရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါကြောင့် ဆိုးလ်ရှားက ပါရဲရားထက် ပိုမိုအသုံးဝင်မယ့် ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့အတွက် ဘရာဇီးလ်ကွင်းလယ်လူကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိကြောင်း Metro က ဖော်ပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က