ဗန်ဒီဘိခ်ကတော့ အေဂျက်ဇ်အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ကစားသမားဖြစ်ပြီး ဒီရာသီမှာ အေဂျက်ဇ်အတွက် ၈ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးထားပေးခဲ့ပါတယ်။
အေဂျက်ဇ်အသင်းရဲ့အားကစားဒါရိုက်တာဗန်ဒါဆားက မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ကွင်းလယ်လူဗန်ဒီဘိခ်ကို စိတ်ဝင်စားနေတယ်ဆိုတာ ရှင်းလင်းကြောင်းပြောဆိုလိုက်ပါတယ်။ ဒါဟာ သူတို့ရဲ့ကစားသမားကို အဆိုပါကလပ်အသင်းနှစ်သင်းက ချဉ်းကပ်နေတယ်ဆိုတဲ့ သတင်းတွေကို ဗန်ဒါဆားက အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။
ဟော်လန်ကွင်းလယ်ကြယ်ပွင့်ဗန်ဒီဘိခ်ကို ယူနို်ကတက်က စိတ်ဝင်စားနေကြောင်း ဟော်လန်သတင်းဟာ De Telegraaf က ဖော်ပြခဲ့သလို The Times သတင်းဌာနကလည်း ထပ်မံဖော်ပြခဲ့မှုတွေရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဗန်ဒီဘိခ်ကို ကာလရှည်စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ ခေါ်ယူဖို့ ကြိုးစားဖွယ်လည်း ရှိနေတာပါ။
ဗန်ဒါဆားက "သူ့ကို ရီးရဲလ်မက်ဒရစ် နဲ့ မန်ချက်စတာယူနိုက်တက်တို့လို အသင်းတွေက စိ်တ်ဝင်စားနေတယ်ဆိုတာ ရှင်းလင်းပါတယ်၊ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ကစားသမားတွေရဲ့ တန်ဖိုးကိုတော့ ပြောင်းလဲမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ကစားသမားတွေက ရည်မှန်းချက်မြင့်မားပြီး ကစားသမားဘဝနောက်တဆင့်ကို ရောက်ဖို့ ပိုပြီးကောင်းတဲ့ လိဂ်တွေကို သွားချင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်"
"ဒါပေမယ့် ဒါတွေအတွက် အေဂျက်ဇ်ကိုပဲ စုံစမ်းမေးမြန်းရမှာပါ၊ သူနဲ့ ရီးရဲလ်တို့ စာချုပ်ချုပ်ဆိုမှာလားဆိုတာကိုတော့ ကျွန်တော်မဖြေနိုင်ပါဘူး၊ ရီးရဲလ်က ပြီးခဲ့တဲ့ရာသီကတည်းက ဇီယက် နဲ့ ဗန်ဒီဘိခ်တို့ကို စိတ်ဝင်စားနေခဲ့တာပါ၊ အဲဒီနောက် ကျွန်တော်တို့ကစားသမားတွေကို မင်းတို့ ဒီနှစ်တော့ အသင်းပြောင်းလို့မရဘူး၊ လာမယ့်နှစ်ကျရင်တော့ အခွင့်အရေးသစ်ရမယ်လို့ ကျွန်တော်တို့ ပြောထားခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဗန်ဒီဘိခ်ကတော့ အေဂျက်ဇ်အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ကစားသမားဖြစ်ပြီး ဒီရာသီမှာ အေဂျက်ဇ်အတွက် ၈ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးထားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း အေဂျက်ဇ်အတွက် အထူးခြေစွမ်းပြသခဲ့ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ကာ ဥရောပမှာ အေဂျက်ဇ်တို့ ခေါင်းပြန်ထောင်လာနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။