ဗန်ဒိုက်ထက် ပိုကောင်းတဲ့ ကစားသမားတွေကို ပြောပြခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးရစ်ချာလီဆန်ကတော့ သူဟာ ဗန်ဒိုက်ကို ဘောလုံးနဲ့အတူ ဖြတ်ကျော်ခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ပြီး သူ့အတွက် အကောင်းဆုံးနောက်ခံလူတွေက ဘယ်သူတွေလဲဆိုတာကို ပြောပြခဲ့ပါတယ်။ 


လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံးမဟုတ်ဘူးလို့ မာဆေးဆိုက်ဒါဘီပွွဲမတိုင်ခင်မှာ အဲဗာတန်တိုက်စစ်မှူးရစ်ချာလီဆန်က ပြောဆိုလိုက်ပါတယ်။ ဗန်ဒိုက်အနေနဲ့ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး လက်ကျန် ၉ ပွဲထဲက ၂ပွဲအနိုင်ရတာနဲ့ ဖလားကိုင်မြှောက်နိုင်မှာလည်းဖြစ်ပါတယ်။ 

လာမယ့်ပွဲစဉ်အဖြစ် ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားရမှာဖြစ်ပြီး အာဆင်နယ်က မန်စီးတီးကို အရေးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်အတွက် နောက်တစ်ပွဲကို ထပ်မံစောင့်ဆိုင်းရဦးမှာလည်းဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးရစ်ချာလီဆန်ကတော့ သူဟာ ဗန်ဒိုက်ကို ဘောလုံးနဲ့အတူ ဖြတ်ကျော်ခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ပြီး သူ့အတွက် အကောင်းဆုံးနောက်ခံလူတွေက ဘယ်သူတွေလဲဆိုတာကို ပြောပြခဲ့ပါတယ်။ 

"လူတွေက သူ့အကြောင်းကို အများကြီးပြောနေကြပါတယ်၊ ဟုတ်ပါတယ်၊ သူက ခမ်းနားတဲ့နောက်ခံလူတစ်ဦးပါ၊ ဒါပေမယ့် ကျွန်တော်သူ့ကို ဘောလုံးနဲ့အတူ ဆွဲပြေးကျော်ဖြတ်ဖူးပါတယ်၊ သူက ထူးခြားတဲ့ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ပြီး ကမ္ဘာ့အကောင်းဆုံးထဲကတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ သူ့ထက်ပိုကောင်းတဲ့ ခံစစ်ကစားသမားတွေရှိနေတာပါ"

"ဘယ်သူတွေလဲဆိုရင် သီယာဂိုဆေးလ်ဗား၊ မာကွင်ဟို့စ် နဲ့ ဆာဂျီယိုရာမို့စ်တို့ပါ" လို့ ရစ်ချာလီဆန်က Desimpedidos နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ရစ်ချာလီဆန်ရွေးချယ်ခဲ့တဲ့ နောက်ခံလူသုံးဦးထဲမှာ နှစ်ဦးကတော့ ဘရာဇိးလ်ကစားသမားတွေဖြစ်ပြီး မို့စ်ကတော့ စပိန်နောက်ခံလူဖြစ်ကာ ဗန်ဒိုက်ထက်ပိုမိုကောင်းမွန်တယ်လို့ ရစ်ချာလီဆန်က ယူဆခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က