လီဗာပူးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးခဲ့တဲ့ ရှုံးကြွေးကို ဆပ်ဖို့ အာရုံစူးစိုက်မှု အပြည့်နဲ့ ပြင်ဆင်ထားတယ်လို့ ကိန်းက ကြုံးဝါးပြောဆိုခဲ့ပါသေးတယ်။
ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းနဲ့စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ စပါးတိုက်စစ် မှူး ဟယ်ရီကိန်းကတော့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ကို စကားစစ် စတင်ထိုးလိုက်ပြီဖြစ်တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။
စပါးနဲ့လီဗာပူးအတွက်ကတော့အခုပွဲက မကျေပွဲဖြစ်လာမှာဖြစ်ပြီး အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ဇွန်လတုန်း က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးက စပါးအသင်းကို ၂-၀ နဲ့ အနိုင်ယူပြီး ဥရောပချန်ပီယံဖြစ်ထားခဲ့တာ ဖြစ် ပါတယ်။
ဒီအချိန်မှာတော့ စပါးအသင်းခေါင်းဆောင် ကိန်းက သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်စိတ်လုံးဝမရှိသလို လီဗာပူးကို လည်း လုံးဝကြောက်ရွံ့မှုမရှိတဲ့အကြောင်းနဲ့ ချန်ပီယံလိဂ်အရှုံးကို ပြန် လက်စားချေဖို့ ရည်ရွယ်ချက် ပြင်းထန် နေပြီဖြစ်ကြောင်း စတင် စကားစစ်ထိုးလိုက်တာပါ။
“ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ခံစစ်မှူးတစ်ဦးပါ။ဒါပေမယ့် သူရော လီဗာပူး အသင်းပါ ဒီကနေ့ပွဲမှာ ဘာမှ ဖြစ်လာမှာမဟုတ်တော့ပါဘူး။” လို့ပြောဆိုလိုက်တာပါ။
စပါးအသင်းကတော့ လီဗာပူးအသင်းရဲ့ အိမ်ကွင်း မာဆေးဆိုဒ်မှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒီပွဲကို မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ယုံကြည်မှု အပြည့်ရှိပါတယ်။ဘယ်အသင်းမဆို ဘယ်နေ့မှာပဲ ဖြစ်ဖြစ် အနိုင်ယူနိုင်စွမ်းရှိပြီး ကျွန်တော်တို့လည်း ဒီနေ့မှာ သေချာအောင် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်ကတော့ အသင်းရဲ့ခေါင်းဆောင်လည်းဖြစ် တိုက်စစ်မှူးလည်းဖြစ်တဲ့ အားလျော်စွာ အသင်းရဲ့ ကစားပုံကို အဓိက ပစ်မှတ်ထားလုပ်ဆောင်သွားမှာဖြစ်ပြီး လှုပ်ရှားမှုတွေကို ဂရုပြုပါမယ်။ဂိုးရရင်ရသလိုသွင်းမယ် အခွင့်မသာရင် လည်း သာတဲ့သူကို ဖန်တီးပေးမယ်။” လို့ကိန်းက ဆိုခဲ့တာပါ။
ကိန်းကတော့ လက်ရှိ စပါးအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၈ ဂိုးထိသွင်းယူထားပြီး အင်္ဂလန်လက်ရွေးစင်အသင်း အတွက်လည်း ၆ ဂိုးထိသွင်းယူပေးထားနိုုင်ပါတယ်။