နောက်ထပ်ဗဟိုခံစစ်ကစားသမား ထပ်မံမခေါ်ယူချင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ ဆောက်သမ်တန်ကြယ်ပွင့် ဗာဂျေးဗန်ဒိုက်ကို လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ပြီး မခေါ်ယူဖို့အတွက် ယူနိုက်တက်ကို တောင်းဆိုခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာပေါ်က အကောင်းဆုံးဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။

မော်ရင်ဟိုဟာ အိုးထရက်ဖို့ဒ်က ၎င်းရဲ့နောက်ဆုံးအပြောင်းအရွှေ့ဈေးကွက်မှာ ဗဟိုခံစစ်ကစားသမားတစ်ဦး ခေါ်ယူချင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့က မော်ရင်ဟိုရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ ငြင်းပယ်ခဲ့ပြီး ရလဒ်တွေဆိုးရွားခဲ့ပြီးနောက် ဒီဇင်ဘာလလယ်မှာ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

The Independent ရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းကို ဗန်ဒိုက်မပြောင်းရွှေ့မီအချိန်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်စာရင်းမှာ ဗန်ဒိုက်ရဲ့နာမည်ပါဝင်ခဲ့တယ်လို့ သိရပြီး နည်းပြမော်ရင်ဟိုက အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဗန်ဒိုက်ကို မခေါ်ယူဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မော်ရင်ဟိုဟာ ယင်းအချိန်က နောက်ထပ်ဗဟိုခံစစ်ကစားသမားတစ်ဦးကို ထပ်မံမခေါ်ယူချင်ခဲ့ဘူးလို့ သိရပြီး နောက်ထပ် လအနည်းငယ်အကြာမှာတော့ မော်ရင်ဟိုက စိတ်ပြောင်းပြီး လက်စတာစီးတီးကြယ်ပွင့် မက်ဂွိုင်းယားကို ခေါ်ယူပေးဖို့ အက်ဒ်ဝုဒ်ဝဒ်ကို အပူကပ်ခဲ့တာဖြစ်ပါတယ်။

The Independent ရဲ့ ဖော်ပြချက်အရပဲ မန်ချက်စတာယူနိုက်တက်ကင်းထောက်ဖွဲ့စည်းပုံဟာ ဖရိုဖရဲဖြစ်နေပြီး ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့ပစ်မှတ်တွေကို စောင့်ကြည့်ခဲ့ခြင်းမရှိဘူးလို့ သတင်းအများစုက ဖော်ပြခဲ့ကြတယ်လို့ သိရပါတယ်။

“သူတို့တွေ ကစားသမားအများကြီးအကြောင်း သတင်းတွေရခဲ့တယ်။ ဒါပေမယ့် သူတို့တွေက အများအားဖြင့် လစ်လျူရှုခဲ့ကြတယ်”

“သူတို့တွေ ငွေကြေးတွေသုံးစွဲပြီး ခေါ်ယူခဲ့တဲ့ ကစားသမားအချို့က သူတို့ သတင်းရခဲ့သလိုမျိုး ကောင်းသင့်သလောက်မကောင်းကြပါဘူး။ ဒါပေမယ့် အများအားဖြင့် သူတို့တွေ လစ်လျူရှုလိုက်ကြတာပါပဲ”လို့ သတင်းရင်းမြစ်တစ်ဦးက The Independent ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က