အကယ်ဒမီ ကစားသမား ၁၃ ဦးကို ပေါ်ထွက်လာစေခဲ့သူပါ။

မန်ယူအသင်းကို ၂၀၁၄ ကနေ ၂၀၁၆ အထိ တာဝန်ယူချိန်မှာ အောင်မြင်မှုအဖြစ် အက်ဖ်အေဖလားသာ ရယူသွားနိုင်ပေမယ့် ဒီကနေ့မှာ မန်ယူအတွက် အဖိုးမဖြတ်နိုင်တဲ့ ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့သူပါ။

အသက် ၆၇ နှစ်အရွယ်မှာ အနားယူသွားခဲ့တဲ့ မန်ယူ နည်းပြ ဗန်ဟားကတော့ မန်ယူအသင်း နည်းပြ ဘဝမှာ လောက်လောက်လားလား အောင်မြင်မှု မရှိခဲ့ပဲ အက်ဖ်အေဖလားတစ်လုံးသာ ရရှိနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ မန်ယူအသင်းကို ရောက်လာချိန်မှာ လူငယ်စီမံကိန်းကို အလေးပေးခဲ့တာကြောင့် ဒီကနေ့ နည်းပြဆိုးလ်ရှား အသုံးတည့်နေပါတယ်ဆိုတဲ့ အဓိက ကစားသမားတွေ ပေါ်ထွက်လာစေခဲ့တယ်လို့ ဆိုရမှာပါ။

ဗန်ဟား မန်ယူအသင်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာန်ယူခဲ့ပြီး အကယ်ဒမီ ကစားသမား ၁၃ ဦးထိ မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ 90 MIN ရဲ့ ဖော်ပြချက်အရသိရပါတယ်။ ဒီထဲမှာမှ ယနေ့ချိန် အောင်မြင်နေပြီး အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်၊တို့လည်း အပါအဝင် ဖြစ်ပါတယ်။

၂၀၁၄ နွေရာသီမှာ ဗန်ဟား မန်ယူကိုရောက်တော့ လင်ဂတ်က ပထမအသင်းမှာ ဘယ်တုန်းကမှ ပုံမှန်ကစား ခွင့်မရထားပါဘူး။ အက်ဖ်အေဖလားရတဲ့ လူငယ်အသင်းမှာ ကစားနေသလို ချန်ပီယံရှစ်ကလပ်အသင်းတစ် သင်းကိုလည်း အငှားချခံရထားသူပါ။ ၂၀၁၄-၁၅ ဘောလုံးရာသီစချိန်မှာတော့ အံ့အားသင့်ဖွယ်ခြေစွမ်းကို ပြ သနိုင်ခဲ့ပြီး အမြဲတမ်း ပွဲထွက်ကစားသမား စဖြစ်လာတာကတော့ ၂၀၁၅ နိုဝင်ဘာလောက်မှာပါ။ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းတယ်၊ အခုတော့ နည်းပြ ဆိုးလ်ရှားရဲ့ မဖြစ်မနေ လက်သုံးတော် ဖြစ်နေပါပြီ။

နောက်ထပ် တိုက်စစ်မှူးတစ်ဦးကတော့ မားကပ် ရက်ရှ်ဖို့ဒ်ဖြစ်ပြီး ၂၀၁၆ ဖေဖော်ဝါရီတုန်းက မစ်ဂျယ်လန်နဲ့ ကစားခဲ့တဲ့ပွဲမှာ မာရှယ် ဒဏ်ရာရပြီး ဝင်ကစားတဲ့ ပွဲကနေ စတင် နာမည်ရလာတာပါ။ ပရီးမီးယားလိဂ်ပွဲအစ မှာလည်း အာဆင်နယ်အသင်းဖက်ကို ၂ ဂိုးသွင်းနိုင်ခဲ့တယ်။

ဒါကပဲ မန်ယူမှာ နေရာရဖို့ အကြောင်းဖန်လာ ခဲ့ပြီး အခုဆိုရင် မန်ယူအတွက် ပွဲပေါင်း ၁၆၀ လောက်ကစားပေးထားနိုင်ပြီ ဖြစ်သလို ပြီးခဲ့တဲ့ နွေရာသီက စပြီး ယခင် နစ္စတယ်ရွိုင်း၊ရွန်နီတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝံ့ဝံ့ကြွားကြွား ဝတ်ဆင်ကစားနေနိုင်ပြီ ဖြစ် ပါတယ်။

အခြားသော ကစားသမားတွေကိုလည်း ဗန်ဟားက ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ဘလက်ကက်၊ ပါရဲရား၊ ရိစ်ဂျိမ်းစ်၊ ဂျန်ကို၊ မက်ခ်နဲ၊ တွမ်တော်ပီ၊ ကာမီရွန် ဒေါ်နယ်လပ်ဗ်၊ ဂျိုးရီလေး၊ ဖိုဆူ-မန်ဆပ်၊ ဂျိမ်းဝီယာ အစရှိတဲ့ လူငယ်ကစားသမားပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က