Apple ရုံးချုပ်ကို BOE အင်ဂျင်နီယာတွေ စေလွှတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်

တရုတ် Display ကုမ္ပဏီ BOE ဟာ Apple ကို လှည့်စားဖို့ လုပ်ခဲ့တာကြောင့် iPhone 14 အတွက် OLED panels သန်းချီ ထုတ်လုပ်ရမယ့် ကန်ထရိုက်ကို လက်လွှတ်ရဖို့ ရှိနေပါတယ်။ 

ဘေဂျင်းအရှေ့တိုင်း အီလက်ထရွန်းနစ် BOE ဟာ အရင်က Refur iPhone တွေအတွက် screen တွေ ထုတ်လုပ်ပေးခဲ့တဲ့ Supplier တစ်ဦးဖြစ်ပြီး iPhone 13 အတွက်လည်း Display တွေ ထုတ်ပေးခဲ့တာပါ။ အရင်က ထွက်ပြီးသား iPhone တွေအတွက် Display ပဲ ထုတ်လုပ်ပေးရာကနေ BOE ဟာ ဒီနှစ်ထွက်မယ့် iPhone သစ်တွေအတွက် ပထမဆုံးအကြိမ် OLED Panel ထုတ်လုပ်ဖို့ ကန်ထရိုက်ရလာခဲ့တာလည်း ဖြစ်ပါတယ်။ 





iPhone 14 အတွက် OLED Panels ပေါင်း သန်း ၃၀ အထိ ထုတ်လုပ်ခွင့်ရမယ့် ကန်ထရိုက်ဟာ ကုမ္ပဏီရဲ့ မရိုးဖြောင့်မှုကြောင့် ကန်ထရိုက် ဆုံးရှုံးရဖို့ ရှိတယ်လို့လည်း The Elec သတင်းက ဖော်ပြပါတယ်။ BOE ဟာ Apple ရဲ့ တင်းကြပ်တဲ့ ထုတ်ကုန်အရည်အသွေးစစ်ဆေးမှု QC Checks တွေကို လှည့်ကွက်သုံးပြီး ရှောင်ရှားဖို့ လုပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ 

အစောပိုင်း ထုတ်လုပ်မှုတွေမှာ ပြစ်ချက်ပါတဲ့ Panel အများအပြား ထွက်လာခဲ့တာကြောင့် BOE ဟာ ထုတ်လုပ်မှု တိုးမြှင့်ဖို့ Display ဒီဇိုင်းကို တိတ်တဆိတ်ပြောင်းခဲ့တယ်လို့လည်း သိရပါတယ်။ BOE ဟာ OLED Panels တွေပေါ်က ပါးလွှာတဲ့ ဖလင်ထရန်စ္စတာတွေရဲ့ ဆားကစ်အကျယ်ကို တိုးထားတာပြီး Apple သတ်မှတ်ထားတဲ့ ထုတ်ကုန်အချက်အလက် Specs တွေကို လျှော့ဖို့ ကြိုးစားခဲ့တာပါ။ 

ဒါကို Apple အင်ဂျင်နီယာတွေက အလျင်အမြန်ပဲ သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဖြစ်ပေါ်ပြီးနောက်မှာ BOE ဟာ ဖြေရှင်းချက်ပေးဖို့ Apple ရုံးချုပ်ကို အင်ဂျင်နီယာတချို့နဲ့အတူ အမှုဆောင်တစ်ဦးပါ စေလွှတ်ခဲ့ပါတယ်။ Apple ဟာ BOE ဆီကနေ iPhone 14 နဲ့ 14 Max အတွက် OLED Panels သန်း ၃၀ မှာထားခဲ့တာ ဖြစ်ပြီး အခုဖြစ်ရပ်အရ BOE ဟာ အမှာစာအတိုင်း Display Drivers နဲ့ Power management chips တွေ ထုတ်လုပ်ဖို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်နေပါတယ်။ 



Apple အနေနဲ့ နောက်လကစပြီး အသစ်ထွက်မယ့် iPhone တွေကို အကြီးအကျယ် ထုတ်လုပ်မှု စတင်ဖို့ မျှော်လင့်ထားတာပါ။ ဒီအခြေအနေအတိုင်းဆို BOE ရထားတဲ့ ကန်ထရိုက်တွေကို Samsung Display နဲ့ LG တို့က ခွဲယူသွားရဖို့ ရှိပါတယ်။ Samsung Display ဟာ iPhone 14 Pro နဲ့ iPhone 14 Pro Max တို့အတွက် အဓိက OLED Panel ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။

အရင်ကလည်း Samsung နဲ့ LG တို့ဟာ iPhone အတွက် Display တွေကို နှစ်ပေါင်းများစွာ ထုတ်လုပ်ပေးလာတာ ဖြစ်ပါတယ်။ လတ်တလောအခြေအနေအရ Apple ဟာ တရုတ်နိုင်ငံပေါ် ထုတ်လုပ်ရေးနဲ့ Supply Chain မှီခိုမှု လျှော့ချဖို့ နည်းလမ်းရှာနေပြီး အိန္ဒိယနဲ့ ဗီယက်နမ်တို့မှာ ထုတ်လုပ်ရေး တိုးမြှင့်ဖို့လည်း ကန်ထရိုက်တချို့ကို မှာကြားထားတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က