ရီးရဲလ်ကစားသမားဘ၀မှာ ဆွတ်ခူးထားတာဖြစ်ပါတယ်။

အီဒင်ဟာဇက်ရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ကတော့ တော်တော်လေးဆိုးရွားနေခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ်နဲ့ တောက်ပခဲ့တဲ့ ဟာဇက်က ဘာနေဗျူးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြသနာတွေနဲ့ လုံးပမ်းနေခဲ့ရပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ဟာဇက်ရဲ့ နာမည်နဲ့ပုံရိပ်က ကျဆင်းမှုတွေရှိလာခဲ့ပါတယ်။ 



ရော်နယ်ဒိုနေရာအစားထိုးမယ့်ကစားသမားလို့ တင်စားခံရပြီးတော့ ရီးရဲလ်ကို ယူရိုသန်း ၁၀၀ ကျော်နဲ့ ရောက်ရှိခဲ့တဲ့ ဟာဇက်က ပြီးခဲ့တဲ့ ၃ ရာသီအတွင်းမှာ ပြိုင်ပွဲစုံ ၆၇ ပွဲသာကစားခဲ့ရပြီး ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒီ ၃ ရာသီအတွင်း ကစားရတဲ့ ပွဲအရေအတွက်ဟာ ချယ်လ်ဆီးကစားသမားအဖြစ် ပထမဆုံးရာသီမှာ ကစားပေးခဲ့ရတဲ့ ပြိုင်ပွဲစုံ ၆၂ ပွဲထက် ၅ ပွဲသာ ပိုများခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဟာဇက်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါဖလား ၂ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံး၊ ဥရောပစူပါဖလား ၁ လုံး၊ စပိန်စူပါဖလား ၂ လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ အဆိုပါ ဆုဖလားရရှိခဲ့တဲ့ ဗိုလ်လုပွဲ ၄ ပွဲစလုံးမှာ ဟာဇက်တယောက် တမိနစ်တောင်မှ ဝင်ကစားပေးရခြင်းမရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲလုံး၀မကစားခဲ့ရပေမယ့် ဖလား ၆ လုံးအထိ​တော့ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီရာသီမှာတော့ ဟာဇက်က သူ့ရဲ့ ဒဏ်ရာကျိန်စာဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့၊ အကောင်းဆုံးခန္ဓာကိုယ်အနေအထားရရှိဖို့ အပြင်းအထန်အားထုတ်ခဲ့ပါတယ်။ အန်ဆယ်လော့တီကလည်း ဟာဇက်ကို အခွင့်အရေးပေးမယ်လို့ ပြောဆိုထားပြီး မနေ့ညကကစားခဲ့တဲ့ လာလီဂါပွဲမှာ ဟာဇက် ကစားခွင့်ရခဲ့ပြီး ဂိုးမသွင်းနိုင်၊ မဖန်တီးပေးနိုင်ပေမယ့် အချက်အလက်မှတ်တမ်းတွေအရ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က