လီဗာပူးလ်နဲ့ပွဲအတွက် ဘေးလ်က ကြံ့ခိုင်မှုပြည့်၀နေပါပြီ။

လီဗာပူးလ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် သူ အသင့်ဖြစ်နေပြီလို့ ရီးရဲလ်ကစားသမား ဂါရတ်ဘေးလ်က သူ့ရဲ့တွစ်တာမှာ ရေးသားပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် မကစားရသလောက်နီးပါးအထိဖြစ်နေကာ စာချုပ်သက်တမ်းကုန်ဖို့ ထိုင်စောင့်နေရတဲ့ ဘေးလ်အတွက် ဒီပွဲဟာ ရီးရဲလ်ကစားသမားဘ၀နောက်ဆုံးပွဲဖြစ်လာတော့မှာပါ။ 

ဘေးလ်ကတော့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ဘက်ကို ရီးရဲလ်အတွက် ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြကာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အခုတခါ လီဗာပူးလ်နဲ့ ပြန်လည်တွေ့ဆုံချိန်မှာ ဘေးလ်က အဲဒီတုန်းကလို စွမ်းဆောင်ပြနိုင်မလားဆိုတာကလည်း ပရိသတ်တွေက မျှော်လင့်နေပြီး အန်ဆယ်လော့တီက ထည့်သွင်းကစားဖို့လည်း မျှော်လင့်နေကြပါတယ်။ 

ဘေးလ်က တွစ်တာမှာ သူ လေ့ကျင့်ခန်းဆင်းနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပြီး "ဗိုလ်လုပွဲအတွက် အသင့်ပဲ" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီပွဲအတွက် ဘေးလ်က ဝင်ကစားခွင့်ရဖို့ အာမခံချက်မရှိပေမယ့်လည်း အသင်းလိုအပ်ပါက အသင့်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေပြီး ဒဏ်ရာပြသနာကင်းစင်နေလို့ ပါဝင်ခွင့်ရဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ 

၂၀၁၈ ဗိုလ်လုပွဲတုန်းကလည်း ဘေးလ်က လူစားဝင်လာခဲ့ပြီး လှပတဲ့ သွင်းဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဂိုးတွေနဲ့ ရီးရဲလ်တို့ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီး ဘေးလည်း သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဒီတကြိမ်တွေ့ဆုံမှုကတော့ အဲဒီတုန်းကနဲ့ အခြေအနေချင်း ကွဲပြားနေပြီဖြစ်ကာ ဘေးလ်ကလည်း အသင်းမှာ အဓိကကျတဲ့ ကစားသမားမဟုတ်တော့ဘဲ အရန်အနေနဲ့သာ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က