ရော်နယ်ဒိုက တာဝန်ရှိသူတစ်ယောက်ကို သွားပြောခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ အာရပ်ကလပ်ချန်ပီယံရှစ် ဗိုလ်လုပွဲမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက အသင်းရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပြီး အယ်လ်နာဆာကလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။



အယ်လ်နာဆာအတွက်တော့ အခုလိုမျိုး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာက အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ခဲ့ပါတယ်။ အယ်လ်နာဆာဟာ ဒီပွဲမှာ တစ်ယောက်လျော့နဲ့ နောက်ကလိုက်ကစားခဲ့ရတာပါ။ ဒါပေမယ့် ရော်နယ်ဒိုက အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာတော့ ရော်နယ်ဒိုက အယ်လ်နာဆာအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အယ်လ်နာဆာတို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အယ်လ်နာဆာ ချန်ပီယံဖြစ်ခဲ့တာက ရော်နယ်ဒိုရဲ့ စွမ်းဆောင်မှုတွေကြောင့်ဆိုတာကို အငြင်းပွားစရာမရှိပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုအတွက် ခံရခက်တဲ့ကိစ္စတော့ ဖြစ်ခဲ့ပါတယ်။

ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒိုကရရှိခဲ့ခြင်းမရှိဘဲ အယ်လ်ဟီလယ် ကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်က ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ပွဲအပြီး ဆုပေးပွဲ အခမ်းအနားမှာ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ယောက်ကို စောဒကတက်ပြီး ဖြေရှင်းချက်တောင်းခံခဲ့ပါတယ်။

တစ်ဖက်ကလည်း ဖြေရှင်းချက်ပေးခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ မျက်နှာအမူအရာကတော့ တစ်စုံတစ်ရာ ကျေနပ်သွားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ အယ်လ်နာဆာ ကစားသမားဘဝ ပထမဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ဒီပြိုင်ပွဲရဲ့‌ ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က