အပိုင်အခွင့်အရေးတွေကို လက်စွမ်းပြကာကွယ်သွားခဲ့တာပါ။

ရီးရဲလ်ကတော့ ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ပြီး စံချိန်သစ်တွေထပ်တင်ခဲ့ပြန်ပါပြိ။ လီဗာပူးလ်ကို ဗင်နီရှပ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဥရောပမှာဆိုရင် သူတို့က ဘုရင်ပဲဆိုတာကို ထပ်မံသက်သေပြနိုင်ခဲ့ကာ ရာသီပိတ်ပွဲကို အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့ပြီး ကြီးမားတဲ့အောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ 

ရီးရဲလ်ရဲ့ နိုင်ပွဲမှာ အဓိကနေရာက ပါဝင်ခဲ့သူကတော့ ဂိုးသမားကော်တွိုက်စ်ပဲဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ အပိုင်အခွင့်အရေး ၄ကြိမ်ထက်မနည်းကို လက်စွမ်းပြကာကွယ်ခဲ့ပြီး တပွဲလုံးအမှားအယွင်းမရှိ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ သူ ပြောဆိုခဲ့သလိုပဲ အသင့်ဖြစ်နေပြီဆိုတဲ့အတိုင်း ကော်တွိုက်စ်က ဗိုလ်လုပွဲအတွက် အကောင်းဆုံးပုံစံရှိနေခဲ့ပါတယ်။ 

မာနေး၊ ဆာလာတို့ရဲ့ အပိုင်အခွင့်အရေးတွေ၊ ဂျိုတာနဲ့ထိပြီး မထင်မှတ်ဘဲ ဂိုးပေါက်စီရောက်လာခဲ့တာကို ကာကွယ်နိုင်ခဲ့တာတွေက အံ့မခန်းပါ။ ဗိုလ်လုပွဲရောက်ရင် ရီးရဲလ်မက်ဒရစ်ပဲ အနိုင်ရမှာဆိုတဲ့ သူ့ရဲ့ပြောစကားကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားလို့တောင် ဆိုရမှာဖြစ်ပါတယ်။ 

ကမ္ဘာ့အဆင့်ဂိုးသမားလို့ သတ်မှတ်ခံထားရတာနဲ့အညီ မြင့်မားတဲ့လက်စွမ်းတွေကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးသွင်းခဲ့သူက ဗင်နီရှပ်ဖြစ်နေခဲ့ပေမယ့် တကယ့်သူရဲကောင်းအစစ်ကတော့ ကော်တွိုက်စ်လို့ ပရိသတ်တွေကလည်း လူမှုကွန်ယက်ပေါ်မှာ ပြောဆိုနေခဲ့ကြပါတယ်။ 

Share

က္က