ကွင်းလယ်လူဆီဘယ်လော့စ်က ဖွင့်ဟခဲ့တာပါ။

လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်မှာ ရီးရဲလ်အသင်းသားတချို့ ဖဲထိုင်ရိုက်နေခဲ့တယ်လို့ သိရပါတယ်။ ဆီဘယ်လော့စ်က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဖဲထိုင်ရိုက်နေခဲ့တဲ့ ကစားသမားတွေကို ကြည့်ပြီး ဒီလောက်ထိ သွေးအေးနေခဲ့ရလားလို့ သူ တွေးမိခဲ့ကြောင်းလည်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ 

"ဘန်ဇီမာ၊ ကာဗာဂျယ်နဲ့ မိုဒရစ်တို့က ဗိုလ်လုပွဲမတိုင်ခင် နာရီနည်းနည်းအလိုမှာ ဖဲထိုင်ရိုက်နေတာကို ကျနော်တွေ့လိုက်တယ်၊ ကျနော်တွေးမိခဲ့သေးတယ်၊ ဝိုး၊ ကောင်းလိုက်တာ၊ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ အဲလောက်ထိ စိတ်အေးလက်အေးနေနိုင်ဖို့က မလွယ်ဘူး၊ ကျနော်ဆိုရင် နေ့လယ်ခင်းတရေးတမောတောင်မှ မအိပ်နိုင်ခဲ့ဘူး" လို့ ဆီဘယ်လော့စ်က ပြောဆိုခဲ့ပါတယ်။ 

ရီးရဲလ်ကတော့ ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဖဲထိုင်ရိုက်နေခဲ့တဲ့ မိုဒရစ်၊ ဘန်ဇီမာနဲ့ ကာဗာဂျယ်တို့အားလုံးကလည်း နည်းပြညွှန်ကြားတဲ့အတိုင်း ကစားနိုင်ခဲ့ပြီး ကာဗာဂျယ်ကတော့ ဗိုလ်လုပွဲမှာဆိုရင် ဒီလိုမျိုးကစားရတယ်ဆိုကာ အာနိုးလ်ကို သင်ကြားပေးခဲ့တယ်လို့တောင် ချီးကျူးခံနေရပါတယ်။ 

ဒီလိုမျိုးကို အီတလီကွင်းလယ်လူပီယာလိုလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ ပြင်သစ်နဲ့ကစားရမယ့် ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပီယာလိုဟာ ထူးထူးခြားခြားပြင်ဆင်မှုမလုပ်ခဲ့ဘဲ အိပ်ယာကနိုးလာချိန်မှာ Play Station ထိုင်ဆော့နေခဲ့ကြောင်းကို ကိုယ်တိုင်ဖွင့်ဟခဲ့ပါတယ်။ ဗိုလ်လုပွဲအတွက် စိတ်ပိုင်းဆိုင်ရာကို အေးဆေးတည်ငြိမ်အောင် ဂိမ်းကစားတာလို့လည်း ယူဆရဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က