ရိုဒရီဂိုက ဆာလာကို ထပ်မံထိုးနှက်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမားလေး ရိုဒရီဂိုက လီဗာပူးကစားသမား ဆာလာအနေနဲ့ ရော်နယ်ဒိုရဲ့ အပြုအမူမျိုးကို အတုယူသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးလို့ တလပြည့်ခါနီးအချိန်အထိ ဆာလာတယောက် ဗိုလ်လုပွဲအိပ်မက်ဆိုးကနေ မလွတ်မြောက်နိုင်သေးပါဘူး။



ဆာလာဟာ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကိုရှုံးခဲ့တဲ့အတွက် လက်စားပြန်ချေဖို့ အကြီးအကျယ်မျှော်လင့်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ချင်ခဲ့၊ အနိုင်ယူချင်ခဲ့တဲ့ ဆာလာတယောက် ဒီတနှစ်မှာလည်း ရှုံးကြွေးထပ်တင်သွားခဲ့ပါပြီ။ အဲ့ဒါကြောင့် ပွဲမတိုင်ခင် လေလုံးထွားထားတဲ့ ဆာလာကို ရီးရဲလ်မက်ဒရစ် ကစားသမားတွေ မကြာခဏ ပြန်လည်နှိပ်ကွပ်နေခဲ့တာပါ။

အခုတခါမှာလည်း ရိုဒရီဂိုက “အကျိုးသင့်အကြောင်းသင့်ပြောရရင် ဆာလာအနေနဲ့ ရော်နယ်ဒိုကို အတုယူသင့်တယ်ဗျ။ ရော်နယ်ဒိုက ပွဲပြီးမှ ပြောစရာရှိတဲ့စကားကို ပြောတာ၊ ပွဲပြီးမှ ဒါတွေကို လုပ်ပြတာ။ ကျနော်တို့ ရီးရဲလ်မက်ဒရစ်မှာလည်း ပွဲမစခင် ဘယ်သူကမှ ဆာလာလိုမျိုး လျှောက်မပြောပါဘူး”

“ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် စကားအများဆုံံးက ကျနော်တို့ရဲ့ ပြိုင်ဘက်အသင်းကလူတွေပဲဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဆာလာကို ရီးရဲလ်မက်ဒရစ် ကစားသမားတွေ လေ့ကျင့်ရေးကွင်းမှာတည်းက လှောင်ပြောင်ခဲ့တဲ့အကြောင်းကိုလည်း ရိုဒရီဂိုက ဖွင့်ဟခဲ့ပြီးဖြစ်ပါတယ်။

ဆာလာဟာ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူသာ ဒဏ်ရာမရခဲ့ရင် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ (၂၀၂၂) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ဆာလာတယောက် ပွဲချိန်ပြည့် ကစားခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဆာလာက ကော်တွိုက်စ်လက်စွမ်းပြမှုကြောင့်သာ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖလားရတာလို့လည်း ပြောကြားခဲ့ပါသေးတယ်။ 

Share

က္က