ပရိသတ်အချစ်တော် ဇာတ်လမ်းတွဲမင်းသားလေး ကောင်းမြတ်စံက LGBT နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်. တကယ်လို့ ဇာတ်လမ်းတွဲ ရိုက်ခွင့်ရမယ် ဆိုရင်လည်း သေချာ စဉ်းစားရွေးချယ်သွားပါမယ်တဲ့.
Photo: ကောင်းမြတ်စံ
သရုပ်ဆောင် ကောင်းမြတ်စံ ဟာ LGBT အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်. သူ့ကိုလည်း Boy Love Series အတွက် လာကမ်းလှမ်းမယ်ဆိုပါက စဉ်းစားပြီးမှ လက်ခံမယ်လို့ မီဒီယာတွေကနေ တဆင့် ပြောပြလာပါတယ်.
'' ကျွန်တော်တို့ ယောကျ်ားလေး တစ်ယောက်နဲ့တစ်ယောက် ဖက်တယ်. နမ်းတယ်ဆိုတာတွေက ကျွန်တော်ကိုယ်တိုင်က ကျွန်တော်ဘာလဲ ဆိုတာကို မပြောတော့ဘူး. ယောကျ်ားလေး တစ်ယောက်အနေနဲ့ ယောကျ်ားချင်း ဖက်ရတာမျိုးကြတော့ နည်းနည်း ကြက်သီးတောင် ထဖို့ကောင်းပါတယ်. ကျွန်တော့် အနေနဲ့ ဆိုရင်တော့ စဉ်းစားရဦးမယ်. ဒါပေမယ့် တုံ့ဆိုင်း တုံ့ဆိုင်းဖြစ်ပါတယ်'' လို့ ဆိုပါတယ်.
Photo: ကောင်းမြတ်စံ
ပရိသတ် လက်ခံအားပေးမယ့် Boy Love Series ဆိုရင်တော့ ကောင်းမြတ်စံ ကိုယ်တိုင် လက်ခံရိုက်ကူးပါမယ်လို့ ဆိုပါတယ်. ဒါပေမယ့် လာကမ်းလှမ်းမယ့် ကာရိုက်တာကို ကြည့်ပြီး ဆုံးဖြတ်မယ်လို့ Redmi ဖုန်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်.
'' ကျွန်တော်က သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် အဲ့ဒီဟာကို စဉ်းစားပါမယ်. LGBT ဆိုလည်း တကယ် ဇာတ်လမ်းကောင်းတယ်. ပရိသတ်တကယ် ကြိုက်မယ့် ကားမျိုးဆိုရင်တော့ Boy Love ကားကို ကျွန်တော် လက်ခံဖြစ်မှာပါ. ပြီးတော့ ဒီကားအတွက် ကမ်းလှမ်းမယ့် ပရိုဂျူဆာတွေ. ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ရုပ်အပေါ် မူတည်ပြီးတော့ စဉ်းစားရမှာပါခင်ဗျ'' လို့ ဆက်လက်ပြောပြလာပါတယ်.
Photo: ကောင်းမြတ်စံ
လက်ရှိမှာလည်း Boy Love Series တွဲတွေဟာ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်. ဒီလို ဇာတ်လမ်းတွဲတွေ အပေါ်မှာလည်း ကောင်းမြတ်စံရဲ့ သဘောထားကို အခုလို ပြောပြလာပါသေးတယ်.
'' လူတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ခြင်းမတူဘူး. ဒါက သူတို့ မွေးကတည်းက စိတ်ခံစားမှုလေ သွားပြီးတော့ ပုတ်ချလို့ မရသလို ကျွန်တော်ကတော့ လက်ခံပါတယ်လို့ ပြောနေပေမယ့်လည်း သူတို့ ခံစားချက် ဆိုတော့ ဘာမှ သွားပြောနေလို့ မရဘူး. ကျွန်တော်ကတော့ လူအခွင့်အရေးတစ်ချက် ဖြစ်တာ ကြောင့် အားပေးပါတယ်'' လို့သူကဆိုပါတယ်.
Photo: ကောင်းမြတ်စံ
ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ. မဂ္ဂဇင်းကာဗာ.တွေကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိလာကြတာဖြစ်ပါတယ်. အဲ့ဒီနောက် MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ရင်းက ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်ယောက်ဖြစ်လို့နေပါပြီ. လက်ရှိမှာလည်း ကောင်းမြတ်စံ တစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလက်ခံထားတာကို တွေ့ရပါတယ်.