ကိုအောင်ကြီးကို မသိဘူးလို့ပြောပါတယ်။

တရားခွင်မှာလည်း ကလေးက မေးတဲ့မေးခွန်းအားလုံးကို ဖြေနိုင်ခဲ့ပြီး ဓာတ်ပုံပြမေးတဲ့အခါမှာလည်း  သမီးလေးက သက်သေခံ(ဂ) မှာ တင်တုန်းကလိုပဲ သူ့ရဲ့ဖင်ဖုကို ဆိတ်တဲ့သူတွေက ဘယ်သူတွေပါလို့ ဆွဲထုတ်ပြခဲ့သလို ဆရာမနှင်းနုက သူ့ရဲ့ဖင်ဖုကို ရေဆေးပေးတယ်။ ဘယ်နေရာဆိုတာကအစ ကလေးက လက်နဲ့ ကိုင်ပြနိုင်တယ်ခဲ့လို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။ 

နေပြည်တော်က ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး (၆)ကြိမ်မြောက်ရုံးချိန်းကိုတော့ ဒီကနေ့ စက်တင်ဘာလ(၁၁)ရက်နေ့က ပြုလုပ်ခဲ့ရာ တရားခွင်မှာတော့ ဗစ်တိုးရီးယားကို စစ်ဆေးမေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်။တရားခွင်မှာ ဗစ်တိုးရီးယားရဲ့ ထွက်ဆိုချက်တွေ သူက ကိုအောင်ကြီးကို လုံးဝမသိကြောင်းနဲ့ သူ့ကိုလုပ်တာ ကိုကိုအကြီးနဲ့ ကိုကိုအငယ်နဲ့ လုပ်တာဆိုပြီး ထွက်ဆိုခဲ့တယ်လို့ တရားလိုရဲ့ရှေ့နေက ရုံးချိန်းအပြီးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

"ကလေးလေးက ကိုကိုညီညီဆိုတဲ့ အသုံးအနှုန်းကို မသုံးဘူး။ကိုကိုအငယ်ဆိုတာမျိုးပြောတာပေါ့။ ကိုကိုအငယ်က သူ့ရင်ဘတ်ကိုထုတယ်ပေါ့ အဲဒီလိုပြောတယ်။ ကိုကိုအကြီးကတော့ သူ့ရဲ့ဖင်ဖုကို ဆိပ်တယ်ပေါ့။အဲဒီလို ကလေးလေးက ထွက်သွားတာ။ ဒီကနေ့ ရုံးချိန်းမှာတော့ ဗစ်တိုးရီးယားက မေးခွန်းအားလုံးကို ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ပြီး ဆရာမနှင်းနုက သူ့ရဲ့ဖင်ဖုကို ရေဆေးပေးတယ်။ ဘယ်နေရာဆိုတာကအစကလေးက လက်နဲ့ ကိုင်ပြနိုင်တယ်ခဲ့လို့ " တရားလိုရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်ကပြောပါတယ်။

“ကလေးလေးက နဂိုကလည်း ဉာဏ်ကောင်းတယ်။ပြောမယ်ဆိုရင် ပြည်သူ့ရဲက သမီးဖြစ်တာကြောင့် ပြည်သူတစ်ရပ်လုံးက ပို့တဲ့မေတ္တာကြောင့် ဒီနေ့မှာ သမီဒလေးက ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွလည်းဖြစ်ပါတယ်။ တရားခွင်မှာလည်း ကလေးက မေးတဲ့မေးခွန်းအားလုံးကိုဖြေနိုင်တယ်။ အစပိုင်းမှာ ဓာတ်ပုံပြမေးဖို့ ပြောပေမဲ့ ဥပဒေအရာရှိက မပြတော့ဘူးလို့ ပြောတယ်ထပ်မံတောင်းဆိုတဲ့အခါ ဥပဒေအရာရှိက ပူးပေါင်းပါတယ်။ CCTVမှာ ကိုအောင်ကြီးထွက်သွားတဲ့ပုံကို Print ထုတ်ပြီးမေးတယ်၊ သမီးလေးက ဒါကို မသိဘူး။ ဒီလူကို မသိဘူးလို့ပြောတယ်” လို့ ဒေါ်ရွက်နုအောင်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

“တစ်ခုချင်းကို အကုန်ပြတယ်။ ပြပြီးတော့ အဲဒီမှာပဲ မကျေနပ်ဘူးဆိုပြီးတော့ဓာတ်ပုံကို ခြေထောက်တွေနဲ့ ပေါက်တယ်ပေါ့နော်။ စားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံတွေကို ကလေးလေးက ခြေထောက်နဲ့ လှမ်းပြီးတော့မှ

ဒီလိုလုပ်ရအောင်ဆိုပြီးတော့ တရားရေးအရာရှိအစ်မကို စိတ်ဆိုးတယ်ကွာဆိုပြီးတော့ ခြေထောက်တွေနဲ့ သူက ထု အဲဒီလိုမျိုးလုပ်တယ်ပေါ့နော်”ဆိုပြီး ရှေ့နေ ဒေါ်ရွက်နုအောင်က တရားခွင်အတွင်းစစ်ဆေးချက်တွေကို ပြောပြခဲ့တာပါ။

ဒီကနေ့ ရုံးချိန်းမှာတော့ ဗစ်တိုးရီးယားလေးကို ဉာဏ်စမ်းမေးခွန်းတွေလည်းမေးမြန်းခဲ့တာပါ။ ဉာဏ်စမ်းတဲ့အခါမျိုးမှာ ဒါဘာရောင်လဲ၊အခုမနက်ဘာစားခဲ့သလဲ စတဲ့ မေးခွန်းတွေကို မေးမြန်းရာမှာ ဗစ်တိုးရီးယားလေးက အကုန်လုံးကို မှန်မှန်ကန်ကန်ဖြေဆိုသွားခဲ့တယ်လို့ သိရပါတယ်။

"ဆုချမယ်ဆိုတော့ တက်တက်ကြွကြွနဲ့ ဖြေတာ။ ဒီနေ့ သူကအရုပ်တွေ အများကြီးရသွားတော့ ပျော်သွားတာပေါ့ ကလေးဆိုတော့။တစ်ခုမှန်လိုက် ပစ္စည်းလေးတစ်ခုပေးလိုက်နဲ့ဆိုတော့ အရမ်းပျော်သွားတာပေါ့” လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

Share

Loading Next Article...
က္က