ဖုန်းတစ်လုံး Software ၊ Camera နဲ့ Gaming Performance ကောင်းတယ်လို့ ပြောရတဲ့ တစ်ခုထဲသော အကြောင်းပြချက်က SoC ပါ။
မှတ်ဥာဏ်လို့ ယေဘူယျ ပြောနိုင်တဲ့ SoC မှာ Processor ၊ GPU ၊ RAM နဲ့ ဖုန်းဆိုရင် Modem နဲ့ Power ပိုင်း အားလုံးကို Chipset တစ်ခုထဲနဲ့ ထိန်းချုပ်ထားပြီး ကြားညပ် ပြောရရင် ISP (Image Signaling Processor) ခေါ် ကင်မရာပိုင်းကိုပါ တာဝန်ယူထားတာပါ။
Snapdragon 4 Gen2 ကို X61 Modem နဲ့ ကြေညာခဲ့ပြီး Budget ကနေ Mid-range Level ထိ Powerful ဖြစ်တဲ့ Chipset ပါ ၊ 5G ကွန်ရက် ထောက်ပံ့ထားတဲ့ 4nm Processor ဟာ Gen1 မှ ဆင်းသက်လာသူ ဖြစ်ပြီး တနည်းအားဖြင့် 8nm (Samsung) ကနေ 6nm (TSMC) သုံးထားတာပါ။
သီအိုရီအားဖြင့် Efficiency ပိုကောင်းတယ်လို့ ပြောနိုင်ပြီး Performance Core 2 လုံးပါတဲ့ 4 Gen2 မှာ 2.2GHz ထိ Boost ပေးနိုင်တယ် ၊ Efficient Core 6 လုံးက 2.0 GHz နှုန်း သွားနိုင်ပြီး Qualcomm အဆိုရ Gen1 ထက် Performance 10% ပိုကောင်းတယ်။
Adreno GPU ကို Highlight မလုပ်ခဲ့ပေမယ့် FHD+ Resolution ကို 120fps ထိ ထောက်ပံ့တယ်ဆိုတော့ Mid-ranger တွေအတွက်ပါ လုံလောက်တဲ့ Display Performance ထုတ်နိုင်တဲ့ အင်အားရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။
LPDDR5x RAM က ပါဝါသုံးစွဲမှု 1 – 1.12V သာ သုံးစွဲပြီး 6,400MHz ထိ သွားနိုင်လို့ Gen1 ရဲ့ 4,267MHz LPDDR4x ထက် ပိုမြန်တယ် ၊ Dual-lane UFS 3.1 Storage နည်းပညာက ပါဝါစားနည်းသလို UFS 2.1 ထက် 3x ပိုမြန်ပါတယ်။
Camera ပိုင်းမှာ Dual ISP ဖြစ်သွားပေမယ့် MCTF (Multi-camera Temporal Filtering) ပါလို့ Video ရိုက်တဲ့အခါ Noise နည်းသွားမယ် ၊ သို့ပေမယ့် 1080p 60fps နဲ့သာ ရိုက်နိုင်ပြီး Slow-motion တွက် 720p 120fps သာ ရပါတယ်။
Gen2 အားသာချက် နောက်တခုက EIS စနစ်ပါလို့ 108MP သို့ 32MP Resolution နဲ့ ဆွဲတဲ့အခါ Zero Shutter Lag မရှိအောင် ကိုင်တွယ်ပေးနိုင်တယ် ၊ Dual Camera နဲ့ ရိုက်တဲ့အခါ 16MP နှစ်လုံးကို တပြိုင်နက် Handle လုပ်နိုင်တဲ့အပြင် Autofocus အပိုင်း ပိုသွက်တယ်လို့ နည်းပညာ ရှုဒေါင့်အရ ပြောနိုင်ပါတယ်။
QC 4+ ကိုပဲ မရိုးမအီ သုံးထားပြီး 15 မိနစ်အတွင်း 50% အားသွင်းနိုင်တဲ့ Qualcomm အဆိုမှာ တိကျတဲ့ Specification တော့ မပါဘူး။
X61 Modem က Download နဲ့ Upload Speed ကို 2.5Gbps နဲ့ 900Mbps အသီးသီး စွမ်းဆောင်နိုင်ပြီး Bluetooth 5.1 ၊ Wi-Fi 5 (ac) သုံးထားတာက Gen1 နဲ့အတူတူပါပဲ။
Source: GSMArena
Share