သူ့ရဲ့ အင်စတာဂရ်မှာ ဖော်ပြထားခဲ့တာပါ။

အမှန်တရားက ဖုံးကွယ်ထားလို့မရဘူးလို့ မက်ဂွိုင်းယားက ပြန်လည်ဖြေရှင်းဖို့ကြိုးစားရာမှာ ဗုဒ္ဓရဲ့ဟောကြားမှုတစ်ခုကို ကိုးကားခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူမက်ဂွိုင်းယားဟာ ဂရိမှာဖြစ်ပွားခဲ့တဲ့ ရန်ပွဲနဲ့ပတ်သက်ပြီး ရဲအရာရှိတွေကို ခုခံမှု၊ အမိန့်မနာခံမှု၊ လာဘ်ထိုးဖို့ကြိုးစားမှုတွေကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁လ နဲ့ ၁၀ ရက်ချမှတ်ခံခဲ့ရပြီဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ သူ့ဘက်ကမှားယွင်းမှုမရှိဘူးလို့ မက်ဂွိုင်းယားက အမိန့်ချမှတ်အပြီးမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

ဒီလိုပြောဆိုခဲ့မှုနဲ့အတူ မက်ဂွိုင်းယားဟာ သူ့ရဲ့အင်စတာဂရမ် History မှာလည်း "နေရယ်၊ လရယ်၊ အမှန်တရားရယ်က ကြာကြာဖုံးကွယ်ထားလို့မရဘူး - ဗုဒ္ဓရဲ့ဟောပြောချက်" လို့ အဓိပ္ပာယ်ရတဲ့စာသားပါ ဓာတ်ပုံကို ဖော်ပြသွားခဲ့ပါတယ်။ ဒါဟာ အမှန်တရားက ဖုံးကွယ်ထားလို့မရဘူးလို့ မက်ဂွိုင်းယားက ပြန်လည်ဖြေရှင်းဖို့ကြိုးစားရာမှာ ဗုဒ္ဓရဲ့ဟောကြားမှုတစ်ခုကို ကိုးကားခဲ့တာဖြစ်ပါတယ်။ 

မက်ဂွိုင်းယားအနေနဲ့ သူ့ရဲ့ပြစ်ဒဏ်ကို အယူခံဝင်ဖို့ ကြိုးစားနေပြီဖြစ်ပြီး သူ့ဘက်ကလုံးဝမှားယွင်းမှုမရှိခဲ့ဘူးလို့ အခိုင်အမာယုံကြည်နေပါတယ်။ "ငါဘာအမှားမှမလုပ်ခဲ့ဘူး၊ ဒါကို ငါယုံကြည်တယ်" လို့လည်း မက်ဂွိုင်းယားက ပြောဆိုခဲ့ကြောင်းသိရပြီး သူ့ရဲ့ရှေ့နေကို အယူခံဝင်ဖို့အတွက် ချက်ချင်းပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း Daily Star က ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းခေါင်းဆောင်အနေနဲ့ ဘောလုံးရာသီပြီးဆုံးခဲ့ပြိးနောက် ဂရိနိုင်ငံ၊ မိုင်ကိုနော့စ်ကျွန်းကို အပန်းဖြေခရီးသွားရောက်ခဲ့တာဖြစ်ပြီး ညီမဖြစ်သူနဲ့ပတ်သက်ကာ ရန်ဖြစ်ခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ သူ့အစ်ကိုနှစ်ယောက်လည်း ဆိုင်းငံ့ထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ရပြီး သုံးဦးစလုံးကတော့ သူတို့အနေနဲ့ ဘယ်လိုအမှားမျိုးမှ မလုပ်ခဲ့ဘူးလို့ဆိုခဲ့တာ ပြစ်ဒဏ်ကိုငြင်းဆိုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က