ခင်ပွန်းနဲ့တူတဲ့ သမီးလေးကို ပိုင်ဆိုင်ခွင့်ရတော့မှာပါ။

စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံကတော့ ဗိုက်ထဲမှာရှိတဲ့ သမီးလေးရဲ့ ပုံစံလေးကို ကြည့်ပြီး အချစ်ပိုနေခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ဝန်ကတော့ အခုဆိုရင် ၂၉ ပတ်ရှိနေပါပြီ။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ဟာ ဗိုက်တဲ့က ကလေးလေးရဲ့ ပုံရိပ်ကိုကြည့်ပြီး ကြည်နူးပီတိတွေ ဝေနေတာကို တွေ့ရပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ဆန္ဒအတိုင်း သမီးလေးက ဖေဖေနဲ့တူတယ်လို့လည်း သူမက ရေးသားခဲ့ပါသေးတယ်။

‘’အဖေတူသမီးလေး နူတ်ခမ်းနှာခေါင်းတွေက မျက်နှာကိုလက်နဲ့ ကွယ်လိုက်ခြေထောက်နဲ့ကွယ်လိုက်နဲ့မနည်းရိုက်ရတယ်။ စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့ ဆရာမကို ကျေးဇူးအများကြီးတင်ပါတယ်။ အပေါ်နူတ်ခမ်းကတော့ အမေတူသလားလို့#29weekspregnant #treasure #mommydeedee’’ ဆိုပြီးတော့သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ မေလ ၁၅ ရက်နေ့ ည ၉ နာရီလောက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သမီးလေးကိုယ်ဝန် ၂၇ ပတ်ရောက်ကတည်းက အရမ်းကို မြင်ချင် တွေ့ချင်လွန်းလို့ စိတ်လှုပ်ရှားနေတယ်ဆိုတာကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

Photo: ALinn Yaung

သူမဟာ သမီးလေးကို ပန်းလှိုင်ဆေးရုံနဲ့ Grand Hanthar ဆေးရုံ နှစ်ခုထဲက တစ်ခုမှာ မွေးမယ်လို့ဆိုပါတယ်။ သူမရဲ့ ရင်သွေးလေးကို သမီးလေး လို့ သိလိုက်ရတဲ့အချိန်မှာလည်း မျက်ရည်ကျရတဲ့အထိ အရမ်းပျော်ပြီး ငိုခဲ့ရတာကလည်း စန္ဒီမြင့်လွင်ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ညီအစ်မတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်တို့နဲ့အတူ စန္ဒီမြင့်လွင်က ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။

Share

Loading Next Article...
က္က