ကြေးရုပ်ဖယ်ရှားရေးကို ဆက်လက်ညှိနှိုင်းနေဆဲပါ။

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရွှေ့ဆိုင်းပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြလို့ တရားစွဲခံခဲ့ရတဲ့ ကရင်နီလူငယ်တွေကို အမှုရုတ်သိမ်းလိုက်ပြီလို့ အမှုမှာ တရားစွဲဆိုခံရသူတစ်ဦးဖြစ်တဲ့ ကရင်နီလူငယ် ကိုဒီးဒီ (ခ) စစ်မုန်းက Duwun ကို ပြောပါတယ်။


Photo- Union of Karenni State Youth - UKSY

ာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) နှင့်ငြိမ်းစုစီ ပုဒ်မ(၁၉)(၂၀) ဖြင့် တရားစွဲခံထားရတဲ့ လူငယ် ၅၅ ဦး လုံးကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက် ရုံးချိန်းမှာ လွိုင်ကော်မြို့နယ် တရားသူကြီးက အပြီးသတ် အမှုရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အဓိကက ကျွန်တော်တို့ ကရင်နီပြည်သူတွေနဲ့ ပြည်နယ်အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရကနေပြီး အမှုတွေကို ရုတ်သိမ်းပေးဖို့ သဘောတူညီချက်အရ အမှုကို ဆက်လက်မစွဲဆိုတော့ဘူးဆိုပြီးတော့ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ ကတင်သွင်းတာပါ။ “ လို့ ကရင်နီလူငယ်ကိုဒီးဒီ (ခ) စစ်မုန်းက Duwun ကို ပြောခဲ့ပါတယ်။

လက်ရှိမှာ သဘောတူညီချက်အရ ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပြီး အစိုးရဘက်က တုံ့ပြန်မှု တစ်စုံတရာမရှိပါက လုပ်ဆောင်မယ့်အစီအစဉ်ကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ကိုဒီးဒီက ဆိုပါတယ်။

“ ကြေးရုပ်ရုတ်သိမ်းဖို့ တိုက်တွန်းမယ်။ မရရင် လူထုအားနဲ့ တိုက်တွန်းသွားဖို့ရှိပါတယ်။ သဘောတူညီချက်အရ ဒီတစ်လအတွင်း အများဆုံးစောင့်ကြည့်မယ်။ ဒီကိစ္စက ကျွန်တော်တို့ ပြည်နယ်အတွက် ထိရှလွယ်တဲ့ကိစ္စဖြစ်တယ်။ အခုတော့ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ရိုက်ခတ်သွားတယ်။ အဲဒါကို ပေါ့ပေါ့တန်တန် မလုပ်ဘဲနဲ့ ပြသနာတွေ ဒီထက်ပိုပြီး မရှုပ်ထွေးအောင် အစိုးရအနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက ပြည်နယ်အစိုးရက စတင်အကောင်အထည်ဖော်ခဲ့ပြီး ကရင်နီလူငယ်တစ်ချို့က အကြိမ်ကြိမ်ဆန္ဒပြခဲ့ကြပေမယ့် အခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အပြီးသတ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၂ ရက်က လွိုင်ကော်မှာ ကရင်နီပြည်သူ ထောင်နဲ့ချီဆန္ဒပြခဲ့ကြပြီး လုံခြုံရေးရဲတွေက ရော်ဘာကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က