တစ်လအတွင်း ဖယ်ရှားဖို့ သတ်မှတ်ထားတာပါ။

ကယားပြည်နယ် လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို သတ်မှတ်ထားတဲ့အချိန်အတွင်း မဖယ်ရှားပါက မိမိတို့အစီအစဉ်ဖြင့် ဖယ်ရှားသွားမယ်လို့ ကရင်နီလူငယ်များက ဖေဖော်ဝါရီ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

Photo- Kayan New Generation Youth - KNGY

ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော်မတော်တီတို့ဟာ ဖေဖော်ဝါရီလ ၁၂ ရက်က တွေ့ဆုံညှိနှိုင်းခဲ့ပြီး သဘောတူညီချက်တွေအရ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖယ်ရှားရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ တိုက်ရိုက် တာဝန်မရှိဘူးလို့ ပြောခဲ့ကာ ဖြစ်မြောက်ရေးကော်မတီနဲ့သာ ဆွေးနွေးပြီး ရရှိလာမယ့် သဘောတူညီချက်အတိုင်း ပြည်နယ်အစိုးရက အကောင်အထည်ဖော်ပေးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

Photo- Kayan New Generation Youth - KNGY

လက်ရှိမှာ ကြေးရုပ်စိုက်ထူရေးကော်မတီကို ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံးထား ဆက်သွယ်ပေးဖို့ တောင်းဆိုထားပေမယ့် အခုချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်းမရှိသေးဘူးလို့ ကရင်နီပြည်ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီမှ ကိုဒီးဒီက Duwun ကိုပြောပါတယ်။

“အခုထိ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက မဆက်သွယ်လာပါဘူး။ ကျွန်တော်တို့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ပြီးမှ ဟိုဘက်ကဆွေးနွေးတာတွေ၊ ကမ်းလှမ်းတာတို့ မရှိဘူးဆိုရင် အစိုးရနဲ့ သဘောတူတဲ့အတိုင်း လုပ်သွားမယ်။ “ လို့ ကိုဒီးဒီက ဆိုပါတယ်။

ကြေးရုပ်ကို သင့်လျော်တဲ့နေရာကို ဖယ်ရှားနိုင်ဖို့ တစ်လအတွင်းဆောင်ရွက်သွားမှာဖြစ်ပြီး တစ်လပြည့်တဲ့အထိ တရားဝင် ညှိနှိုင်းဆောင်ရွက်မှုမရှိဘူးဆိုပါက သဘောတူညီချက်အတိုင်း မိမိတို့ အစီအစဉ်နဲ့သာ ကန္ဒာဟေဝန်ပန်းခြံကနေ ကြေးရုပ်ကို ဖယ်ရှားသွားမယ်လို့ ကရင်နီပြည်လူငယ်များ အင်အားစုသပိတ်ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Share

Loading Next Article...
က္က