ဒီရာသီသွင်းဂိုး ၁၀ ဂိုးမှမရရင် သူ့ လိုင်စင်ကို စုတ်ဖြဲပစ်မယ်လို့ ပြောခဲ့တာပါ။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ရီးရဲလ်မက်ဒရစ်က ၅-၃ နဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ရီးရဲလ်အတွက် ဗင်နီရှပ်နဲ့ ဗယ်လ်ဗာဒီတို့က ၂ဂိုးစီသွင်းယူခဲ့ကာ ဘန်ဇီမာက တဂိုးသွင်းယူခဲ့ပြီး အယ်လ်ဟီလယ်တို့ အပြန်အလှန်ဂိုးတွေသွင်းနိုင်ခဲ့ပြီး ဒုတိယနေရာရရှိခဲ့တာကလည်း ဂုဏ်မငယ်ခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ 

ဒီပွဲမှာ ဗယ်လ်ဗာဒီက ၂ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် အန်ဆယ်လော့တီတယောက် ပင်စင်ယူရမယ့်အရေးကနေ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီနဲ့ အလောင်းအစားလုပ်ထားတဲ့ ကိစ္စမှာလည်း သူ အနိုင်ရခဲ့ပါတယ်။ အကြောင်းကတော့ ဒီရာသီမှာ ဗယ်လ်ဗာဒီ ၁၀ ဂိုးမသွင်းယူနိုင်ရင် သူ့ရဲ့ နည်းပြလိုင်စင်ကို စုတ်ဖြဲပြီး အနားယူမယ်လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့ဖူးတာပါ။ 



ရာသီအစမှာ ဗယ်လ်ဗာဒီက ထူးရှယ်ခြေစွမ်းပြခဲ့ပြီး ရီးရဲလ်အတွက် ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူပေးနေခဲ့ချိန်မှာ သူက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ကွင်းလယ်နေရာမှာ ကစားနေခဲ့တဲ့ ဗယ်လ်ဗာဒီက အန်ဆယ်လော့တီလက်အောက်မှာ ညာတောင်ပံကို ထွက်ကစားပေးခဲ့ရပြီးနောက် ထူးထူးခြားခြားခြေစွမ်းပြနေခဲ့ပြီး ဒီရာသီမှာ အနည်းဆုံး သွင်းဂိုး ၁၀ ဂိုးသွင်းနိုင်လိမ့်မယ်လို့ အန်ဆယ်လော့တီက ယုံကြည်နေခဲ့ပါတယ်။ 

အခုတော့ ဗယ်လ်ဗာဒီက ပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုးပြည့်သွားခဲ့ပြိဖြစ်ကာ သူ ၁၀ ဂိုးပြည့်ဂိုး သွင်းအပြီးမှာတော့ အန်ဆယ်လော့တီနဲ့အတူ ကွင်းထဲမှာ အောင်ပွဲခံခဲ့ပါတယ်။ ဒါကြောင့် အန်ဆယ်လော့တီတယောက် သူ့ရဲ့ နည်းပြလိုင်စင်လေးမဖြဲရတော့သလို အနားယူစရာ လည်းမလိုတော့တာကြောင့် ဝမ်းသာပြီး ဗယ်လ်ဗာဒီကို ပြေးဖက်နေခဲ့တယ်လို့ ပရိသတ်တွေက ရယ်မောစနောက်နေခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က