သူ့ရဲ့ လက်ရှိအနုပညာအကြောင်းကိုပြောပြလာပါတယ်။

ကောင်းမြတ်စံက သူ့ရဲ့ ကြိုးစားမှုတွေ လျော့ခဲ့လို့ အနုပညာအလုပ်တွေ လုပ်ခွင့်နည်းခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ ဒီအပေါ်မှာ သင်ခန်းစာယူပြီး အခုချိန်မှာ ပိုကြိုးစားနေတယ်လို့ဆိုပါတယ်။ 

Photo: kaung Myat San

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ ကောင်းမြတ်စံက သူဘာကြောင့် အလုပ်တွေလုပ်ရတာ နည်းသွားတာလဲ ဆိုတဲ့ အဖြစ်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ဒီအကြောင်းအရာကိုလည်း သူကိုယ်တိုင် သင်ခန်းစာရခဲ့တဲ့အကြောင်း Duwun ကနေ ဖြေဆိုခဲ့ပါတယ်။

‘’အောင်မြင်သွားတဲ့လူတစ်ယောက်က သူ့မှာ ပိုက်ဆံတွေ ဘယ်က ဝင်လို့ ဝင်လာမှန်းမသိဘူး။ ဟိုက အလုပ်အပ်၊ ဒီကအလုပ်အပ်ဆိုတော့ စိတ်ထဲမှာ ဘာဖြစ်လာလည်းဆိုတော့ ငါ ဒီအတိုင်းနေတာတောင် ပိုက်ဆံတွေ ဝင်နေတာပဲ ငါ့ရဲ့ကြိုးစားမှုလေးကို လျှော့လိုက်မယ်ပေါ့။ အဲဒီလို ကြိုးစားမှုလျော့သွားတာက ဘယ်အချိန်မှာ သိသာလာလည်းဆိုတော့ အချိန်ကြာလာတဲ့အခါမှာ Effect ထိလာရော၊ ဒီကောင်က သရုပ်ဆောင် မကောင်းတော့ဘူး၊ အရမ်းအားလျော့လာတယ်ဆိုရင် ပြုတ်ကျသွားတယ်’’ လို့ သူကဆိုပါတယ်။

Photo: Kaung Myat San

လက်ရှိမှာလည်း အရင်ကလို အောင်မြင်မှုရရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေရတယ်လို့ ကောင်းမြတ်စံက ပြောပါတယ်။

‘’ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်တွေ့ခံစားချက်ပေါ့နော်။ ကျွန်တော်ဆို ငါကွာ ရနေတာပဲ မကြိုးစားလည်းရတာပဲ ဆိုတဲ့အချိန်မှာ အဲဒီစိတ်ကြောင့် အလုပ်လုပ်လို့ရလာတဲ့ ရလဒ်ကလည်း အရင်ကလောက် မကောင်းတော့ဘူး။ အဲဒါကို ပြန်သတိထားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ပြုပြင်ရတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Kaung Myat San

ကောင်းမြတ်စံက အနုပညာမျိုးရိုးရှိသူ မဟုတ်ပါဘူး။ သူဟာ မန္တလေးဇာတိဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကို ဝါသနာကြီးလွန်းသူဖြစ်တာကြောင့် ရန်ကုန်မှာ တစ်ယောက်တည်း အနုပညာအလုပ်တွေ လုပ်ခဲ့ရတယ်လို့ သူကဆိုပါတယ်။

‘’အနုပညာအလုပ်ကို လုပ်ဖို့ မန္တလေးကနေ ရန်ကုန်ကို တစ်ယောက်တည်းထွက်လာတယ်။ အလုပ်တွေ စလုပ်တဲ့အချိန်က မိဘရဲ့အထောက်အပံ့မယူပဲ ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက် ရေတွက်လို့ရတဲ့ ငွေ ပိုက်ဆံအလိပ်လေး ရှိနေလိမ့်မယ်။ အဲဒီငွေကို ခြွေတာရတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အကျီဖိုးတွေရှိမယ်။ တက္ကစီဖိုးကုန်မှာစိုးလို့ ဘတ်စ်ကား စီးပြီးတော့သွားတယ်။ အဲဒီလို ကြိုးစားခဲ့ရတာပါ’’ လို့ Sunkist အချိုရည် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Kaung Myat San

ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ. မဂ္ဂဇင်းကာဗာ.တွေကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ရင်းက ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်ယောက်ဖြစ်လို့နေပါပြီ။လက်ရှိမှာလည်း ကောင်းမြတ်စံ တစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလက်ခံထားတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က