ကုန်အမှတ်တံဆိပ်သံတမန်အဖြစ်ခန့်အပ်ခံလိုက်ရတာပါ။

စပါးအသင်းကြယ်ပွင့်ဆွန်ဟောင်မင်နဲ့ ဗြိတိန်ဇိမ်ခံဖက်ရှင်ဆိုင်ကြီးဖြစ်တဲ့ Burberry တို့ဟာ ကုန်အမှတ်တံဆိပ်သံတမန်အဖြစ်နဲ့ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဆွန်ဟောင်မင်ရဲ့ ပုံရိပ်မြင့်တက်လာမှုက နာမည်ကျော်ဖက်ရှင်ကုမ္ပဏီတခုရဲ့ အမှတ်တံဆိပ်သံတမန်တဦးဖြစ်လာတဲ့အထိ ရှိနေခဲ့ပါပြီ။ 

ဆွန်ဟောင်မင်ကတော့ လူမှုကွန်ရက်မှာ ဖော်လိုဝါ ၁၂.၆ သန်းအထိ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Burberry ဟာ အခြားသောနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့လည်း လက်တွဲထားပြီး ဆွန်ဟောင်မင်က တော့ ဂျက်ဂရီလစ်ရှ်၊ ၊ ဘတ်ပီတို့က နာမည်ကျော်ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Gucci ၊ Dior တို့နဲ့ လက်တွဲအပြီးမှာ နာမည်ကျော်ဖက်ရှင်အမှတ်တံဆိပ်တခုနဲ့ လက်တွဲနိုင်တဲ့ နောက်ဆုံးသော​ ဘောလုံးကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။ 

"Burberry အတွက် သံတမန်သစ်တဦးဖြစ်လာခဲ့လို့ ကျနော်ပျော်ရွှင်မိပါတယ်၊ ပရီးမီးယားလိဂ်ကစားသမားတဦးအနေနဲ့ ဗြိတိသျှအမွေအနှစ်တွေ ပေါကြွယ်၀တဲ့ အမှတ်တံဆိပ်တခုနဲ့ လက်တွဲရတာက ဂုဏ်ယူဖို့ကောင်းပါတယ်၊ သူတို့ရဲ့ သမိုင်းကြောင်း၊ စိတ်ကူးစိတ်သန်း၊ ဆန်းသစ်တီထွင်မှုနဲ့ တန်ဖိုးထားစရာအမွေအနှစ်တွေလည်း ကျနော်သဘောကျမိပါတယ်၊ ဒီခရီးသစ်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်" လို့ ဆွန်ဟောင်မင်က ပြောဆိုခဲ့ပါတယ်။ 

Burberry ကလည်း သူတို့ရဲ့ အင်စတာဂရမ်ကတဆင့် "ကျနော်တို့ရဲ့ ကုန်အမှတ်တံဆိပ်သံတမန်အသစ်အဖြစ်နဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်၊ တောင်ကိုရီးယားကစားသမားကို ဂုဏ်ယူစွာနဲ့ကြိုဆိုလိုက်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးအတွက် ပြီးခဲ့တဲ့ရာသီမှာ ၂၃ ဂိုးအထိသွင်းယူကာ ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပရိသတ်အင်အားတိုးပွားလာပြီး နာမည်ပိုမိုကျော်ကြားလာခဲ့သူဖြစ်ပါတယ်။ 

Share

က္က