Twitter စာမျက်နှာမှာ ပွက်လောရိုက်နေတဲ့ သတင်းက တစ်ယောက်က ဘီလီယံနာလည်းဖြစ် Meta CEO လည်းဟုတ် ၊ တစ်ယောက်က ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ ၊ သူတို့နှစ်ဦးသာ သတ်ပုတ်မယ်ဆိုရင် ရေလည် ကြည့်ကောင်းမယ့် ပွဲလို့ စိတ်ဝင်တစား ဖြစ်နေတာပါ။
နဂိုကတည်းက ဗီဇပါနေတဲ့ Musk ကို သွားခနဲ့လိုက်တဲ့ ဇူကာ Bug ပေါ် မကျေမချမ်း ဖြစ်နေပုံရပြီး လာလေ သူစိန်ခေါ်ရင် လှောင်အိမ်ပွဲ ဆွဲတာပေါ့ လို့ အဓိပ္ပာယ်ရတဲ့ Vegas Octagon လို့ တုံ့ပြန်လိုက်တာပါ။
ဒါကို Bug ကလည်း အားကျမခံ “နေရာသာပြော ကြိတ်မယ်” ဆိုတဲ့ Screenshot ကြီးက ပလူပျံနေပြီး Verified လုပ်ထားတဲ့ သူ့ Official Account ကြီးနဲ့ သွား Retweet ထားပါတယ်။
ဒါ့အပြင် Musk ကို “လေ့ကျင့်လိုက်ဦး” ဘာညာ စသဖြင့် ခနဲ့ အရေးသားမျိုး ရှိနေပေမယ့် တကယ်က သူတို့ Image ကြီးနဲ့ Attention ယူနေတာ တမျိုးကြီးလို့ ခံစားရပါတယ်။
ဘာလို့လဲဆိုတော့ ဇွန်လ ၉ ရက်နေ့တုန်းက Twitter ပြိုင်ဖက် ဖြစ်လာမယ့် Anti-Twitter App တစ်ခုကို အလုပ်ဖြုတ်ခံလိုက်ရတဲ့ Twitter ဝန်ထမ်းဟောင်းတွေနဲ့ Meta စမ်းနေတယ် ၊ ခွေးအလှည်းနှင်းသလို ခရီးမရောက် ဖြစ်နေတဲ့ လက်ရှိ Twitter အခြေနေပေါ် ကျီစယ်တာမျိုး လုပ်ခဲ့လို့ နဂိုကတည်းက တင်းနေတာလို့ ပြောရမှာပါ။ (ဒီသတင်းကို ဓူဝံမှာ တင်ဆက်ပြီးသား ဖြစ်ပါတယ်)
တကယ်တော့ ဒီသတင်းဟာ Update မဖြစ်တော့သလို Twitter မှာ Veteran CEO “Linda Yaccarino” ရောက်လာတဲ့နောက်ပိုင်း ကြော်ငြာလုပ်ငန်းတွေ အသက်ဝင်နေပါပြီ၊ သူတို့ နောက်လုပ်မယ့် Program တစ်ခုက Smart TV တွေမှာ Twitter Video App ကြေညာဖို့ Musk စီစဥ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် အပြင်မှာ မချခင်ကတည်းက Upper Hand ကို Musk ရထားတယ်လို့ ပြောနိုင်တယ်၊ တကယ်လို့ Tech ဘီလီယံနာနှစ်ယောက် Musk Vs. Zuckerberg ဆို ကမ္ဘာမှာ ကြည့်အကောင်းဆုံး ထိုးသတ်ပွဲ ဖြစ်လာမှာပါ
Body တောင့်တောင့် Musk အနေထားနဲ့ ခပ်သွယ်သွယ် Zuckerberg ပုံစံကြည့်လိုက်ရင် Musk သာတယ် ဆိုရပေမယ့် Hard-core Street Fight တွေမှာ ကျင်လည်ဖူးတယ်ဆိုတဲ့ Zuckerberg ကို “သူ Ju Jitsu လည်းရတယ်” အရေးသား တွေကြောင့် ဘယ်သူနိုင်မလဲ မေးခွန်းက အားလုံး စိတ်ဝင်တစား ဖြစ်နေပါတယ်။
Source: The Verge