Facebook အတွက် တစ်ပူပေါ် နှစ်ပူဆင့်စရာပါ

မိုဘိုင်းဘဏ်လုပ်ငန်းတစ်ခုဟာ Facebook ရဲ့Libra ငွေကြေးစနစ်မှာ digital wallet လုပ်ငန်းတစ်ခုအဖြစ် ထူထောင်လိုက်တဲ့ Calibra ရဲ့ logo ကို တရားစွဲလိုက်ပါတယ်။

Current လို့ခေါ်တဲ့ startup bank တစ်ခုဟာ သူ့ရဲ့ logo နဲ့ဆင်တူနေတာကြောင့် ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုနဲ့Calibra ပိုင် Facebook ကို တရားစွဲတာ ဖြစ်တယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။ တရားစွဲမှုမှာ တရားပြိုင် ၄ ဦးအဖြစ် Facebook ၊ Calibra ၊ Calibra နဲ့ဆက်စပ်တဲ့ IP ကို ပိုင်ဆိုင်တဲ့ Facebook ုပ်ငန်းတစ်ခုအပြင် Calibra logo ကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ Character လို့ခေါ်တဲ့ ဒီဇိုင်းအေဂျင်စီတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။

Photo: The Verge

Character အေဂျင်စီကို Current အနေနဲ့တရားစွဲရတာကတော့ ဒီအေဂျင်စီဟာ Current အတွက်ရော Calibra အတွက်ပါ logo နှစ်မျိုးစလုံး ဆွဲခဲ့တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒီ logo နှစ်ခုစလုံးဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒီဇိုင်းဆွဲခဲ့ဖွယ်ရှိပြီး Current ကတော့ သူ့ရဲ့ logo ကို ၂၀၁၆ သြဂုတ်လထဲမှာ စတင် သုံးစွဲခဲ့တာ ဖြစ်တယ်လို့ပြောထားပြီး Facebook ကတော့ Calibra ရဲ့ logo ကို ယခုနှစ် ဇွန်လမှ ထုတ်ဖော်ပြသခဲ့တာပါ။

Facebook ဟာ Calibra ကို digital wallet တစ်ခု ဖွံ့ဖြိုးရေးအပါအဝင် Libra cryptocurrency စီမံကိန်းမှာ အသုံးပြုဖို့စတင်ခဲ့တာ ဖြစ်ပါတယ်။ Libra စနစ်နဲ့ငွေတန်ဖိုးလဲရာမှာ Third party wallet app တွေကအပြင် WhatsApp ၊ Messenger နဲ့Facebook app ထဲမှာ ထည့်သွင်းသွားမယ့် Calibra Wallet ကနေ ပြန်လဲပေးဖို့လုပ်ဆောင်ခဲ့တာပါ။

Photo: PYMNT.com

Calibra ဟာ Libra ငွေကြေးတွေ သိမ်းထားဖို့Messenger နဲ့WhatsApp စာပို့အက်ပလီကေးရှင်းတွေထဲမှာ Facebook ကနေ တည်ဆောက်ထားတဲ့ digital wallet app ဖြစ်ပါတယ်။Current အနေနဲ့Calibra ရဲ့ logo ကို တရားစွဲရာမှာ ဒီဇိုင်းချင်းဆင်လို့တင်မဟုတ်ဘဲ Current Marks တွေနဲ့ပါ တစ်ပုံစံတည်း ဖြစ်နေတာကြောင့်လို့ဆိုပါတယ်။ logo တွေကို ကြည့်ရင်လည်း ဒီအချက်က ပေါ်လွင်နေပါတယ်။

လက်ရှိမှာ Facebook အနေနဲ့Libra အဖွဲ့ဝင်တွေ ဖြစ်တဲ့ PayPal ၊ Visa နဲ့Mastercard အပါအဝင် အဖွဲ့ဝင် ၆ ခု နှုတ်ထွက်ထားတဲ့ ပြဿနာအပြင် ဥပဒေပြုအမတ်တွေရဲ့ စုံစမ်းစစ်ဆေးမှုကိုပါ ဖြေရှင်းရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။ အခုချိန်မှာတော့ Libra နဲ့ဆက်စပ်ပြီး Calibra ရဲ့ logo ကြောင့် တရားရင်ဆိုင်ရဦးမှာပါ။

Share

Loading Next Article...
က္က