ကမ္ဘာ့အကြီးဆုံး Video Sharing Platform တစ်ခုဖြစ်တဲ့ Youtube ဟာ နာမည်ကျော် Esports ပြိုင်ပွဲတွေဖြစ်တဲ့ Call of Duty League, Overwatch League နဲ့ Hearthstone Esports ပြိုင်ပွဲတွေရဲ့ တစ်ဦးတည်းမူပိုင်ပြသခွင့်ကို ပြီးခဲ့တဲ့လကပဲ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး Video Sharing Platform တစ်ခုဖြစ်တဲ့ Youtube ဟာ နာမည်ကျော် Esports ပြိုင်ပွဲတွေဖြစ်တဲ့ Call of Duty League, Overwatch League နဲ့ Hearthstone Esports ပြိုင်ပွဲတွေရဲ့ တစ်ဦးတည်းမူပိုင်ပြသခွင့်ကို ပြီးခဲ့တဲ့လကပဲ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ Youtube ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Google ဟာ အဆိုပါ Esports ပြိုင်ပွဲ သုံးနှစ်ပြသခွင့်စာချုပ်အတွက် ပွဲစီစဉ်သူ Activision Blizzard ကို ‌ဒေါ်လာ သန်း ၁၆၀ ပေးချေခဲ့ရတယ်ဆိုတဲ့သတင်းလည်း ထွက်ရှိလို့လာခဲ့ပါတယ်။




Call of Duty League, Overwatch League နဲ့ Hearthstone Esports ပြိုင်ပွဲတို့ကို အရင်က Twitch မှာ ပြသခဲ့ပြီး ဒီနှစ်မှာတော့ Streaming Platform ကိုအပြီအပြင်အကောင်ထည်ဖော်နေတဲ့ Youtube က လက်ဦးမှုရယူပြီး ပြသခွင့်ကိုဝယ်ယူခဲ့တာပါ။


သတင်းအရင်းအမြစ်တွေအရ Google ဟာ Activision Blizzard ဆီက Overwatch League တစ်ခုတည်းပြသခွင့် ၂ နှစ်စာကို ဒေါ်လာ သန်း ၉၀ နဲ့ဝယ်ယူဖို့ အရင်ကြိုးပမ်းခဲ့ပေမယ့် အခုတစ်ခါမှာတော့ ပြိုင်ပွဲ ၃ ခုအတွက် ၃ နှစ်စာ စာချုပ်ကို ဒေါ်လာ သန်း ၁၆၀ နဲ့ သဘောတူညီမှုရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။

Google ဘက်က ပြိုင်ပွဲတစ်ခုချင်းစီအတွက် ဘယ်လောက်ပေးချေခဲ့ရသလဲဆိုတာ အတိအကျမသိရပေမယ့် သူတို့ အဓိကလိုချင်တဲ့ Overwatch League အတွက် ငွေအများဆုံးသုံးခဲ့ပုံရပြီး Call of Duty League အတွက် ဒုတိယမြောက်အများဆုံးအသုံးပြုခဲ့ပုံရပါတယ်။ Hearthstone ကတော့ Card Game လည်းဖြစ်သလို ထိပ်တန်း Esports ပြိုင်ပွဲလည်း မဟုတ်တာကြောင့် ငွေအနည်းဆုံးအသုံးပြုခဲ့ရပါလိမ့်မယ်။


နောက်ထပ်ရရှိတဲ့သတင်းတွေအရ Google ဟာ Activision Blizzard ကို ဒေါ်လာ သန်း ၁၆၀ တည်းတင် ပေးချေခဲ့ရတာ မဟုတ်ဘဲ ကြော်ငြာတွေကရတဲ့ ရာခိုင်နှုန်းကို ခွဲဝေပေးရမယ့်အပြင် သတ်မှတ်ထားတဲ့ ကြည့်ရှုသူအရေအတွက် ရောက်ရှိခဲ့မယ်ဆိုရင်လည်း အပိုထပ်ဆောင်းငွေပေးချေရဦးမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီသတင်းသာ အမှန်ဆိုရင်တော့ ပြိုင်ပွဲအတွက်ရော အသင်းတွေအတွက်ရော ဆုကြေးငွေပိုမိုရရှိတော့မှာဖြစ်တာကြောင့် Esports ဈေးကွက်ဟာလည်း ပိုမိုမြင့်တက်သွားဖွယ်ရှိနေပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က