ထူးအောင်က Gym ဆော့ပြီး ခန္ဓာကိုယ်ပြောင်းလဲချင်သူတွေအတွက် Challenge ခေါ်ပြီး လေ့ကျင့်ပေးသွားမယ်လို့ ဆိုပါတယ်။ အရင်တုန်းကလည်း အနုပညာ မောင်နှမတွေကို လေ့ကျင့်ပေးခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိတဲ့သူပါ။
Photo: Htoo Aung
သရုပ်ဆောင် ထူးအောင်က Gym ဆော့ပြီး ဘာမှ မပြောင်းလဲတဲ့သူတွေအတွက် Challenge ခေါ်ပြီး ပြောင်းလဲသွားအောင် ကစားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’လူအများစုက Gym သွားတယ်၊ ဆော့သာဆော့တယ် မပြောင်းလဲတဲ့လူတွေ အများကြီးရှိတယ်။ မပြောင်းလဲတဲ့ အချိန်တွေ အများကြီးရှိတယ်။ အဲဒီလို မဖြစ်အောင် ဆရာရယ်၊ ကျွန်တော်ရယ်က သင်တန်းသူ သင်တန်းသားတွေနဲ့ Challenge ခေါ်ပြီးတော့ တစ်လအတွင်းပြောင်းလဲချင်တယ်ဆိုရင်ဖြစ်ဖြစ်၊ ဝတဲ့သူတွေဆို ကျွန်တော်တို့ ၆ လ အချိန်ပေးမယ်။ ခန္ဓာကိုယ်ပြောင်းလဲသွားအောင် ကျွန်တော်တို့က သင်ပေးချင်တဲ့ စေတနာပါ။ Gym သွားပြီးတော့ မပြောင်းလဲတဲ့သူတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ဆီရောက်လာရင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ စကားကိုနားထောင်ရမယ်ပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Htoo Aung
သူဟာ အနုပညာရှင်တော်တော်များများကိုလည်း ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားအောင် လေ့ကျင့်သင်ကြားပေးခဲ့ဖူးပါတယ်။ ဒါကြောင့် လောင်းကြေးထပ်ပြီး Gym ဆော့ခဲ့ကြတာတွေရှိတယ်လို့ မေလ ၁၆ ရက်နေ့က Star Finess Gym ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ အရှေ့မှာ အာမခံပြီး လုပ်ပေးခဲ့တဲ့ Celebrity တွေလည်း အများကြီးရှိတယ်။ ၁ လဆို ၁ လအတွင်း ပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့ လူတွေလည်းရှိတယ်။ တစ်လခွဲဆို တစ်လခွဲအတွင်းပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့လူတွေလည်းရှိတယ်။ မယုံတဲ့ သင်တန်းသားတွေကလည်း ဆရာနဲ့ လောင်းကြေးထပ်ပြီး ၁ လအတွင်း ဘယ်လိုပြောင်းလဲကြေးပေါ့၊ မပြောင်းလဲရင် ဘာလုပ်ဆိုတာတွေ လျှော်ကြေး၊ စားကြေးတွေရှိတာပေါ့၊ လောင်းတိုင်းလည်း ဆရာပဲနိုင်ပါတယ်၊ လောင်းကြေးတွေတော့ ဆရာက မယူပါဘူး’’လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။
Photo: Htoo Aung
Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်( Htoo Aung)ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါ တယ်။လက်ရှိမှာတော့ ပရိသတ်အရှေ့ကို ‘’ပုဂံမြို့သူ’’ ဇာတ်လမ်းတွဲ၊ ‘’ကိုယ်စောင့်နတ်’’ ရုပ်ရှင်ဇာတ်ကားကြီး တို့နဲ့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။