Apple ဟာ ဘရာဇီးတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ခြင်း မရှိပါဘူး

Apple နဲ့ ဘရာဇီးတို့ ထပ်ငြိပြန်ပါပြီ။

ပြီးခဲ့တဲ့လအနည်းငယ်ကပဲ ဘရာဇီးတရားရေးဌာနဟာ နိုင်ငံအတွင်း Power Adapter မပါတဲ့ iPhone တွေ ရောင်းချမှု ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပါတယ်။ iPhone ဝယ်တဲ့အခါ Power Adapter မပေးတာက စားသုံးသူကို ထိခိုက်နစ်နာစေနိုင်တယ်လို့ ဘရာဇီးတရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။ ကုမ္ပဏီကိုလည်း ဘရာဇီးဘက်က ဒေါ်လာသန်းချီ ဒဏ်ရိုက်ခဲ့ပေမယ့် Apple ဘက်က အမိန့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ 




Photo: Bloomberg

ဒီတစ်ခေါက်မှာတော့ ဖက်ဒရယ်ဒိစတြိတ်အခြေစိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းဟာ လက်လီဖုန်းအရောင်းစတိုးဆိုင်တွေဆီက iPhone တွေ သိမ်းဆည်းလိုက်တယ်လို့ Gizmochina သတင်းက ဖော်ပြပါတယ်။ သတင်းအရ Procon-DF အဖွဲ့ဟာ ဘရာဇီးနိုင်ငံ ဘရာဆီလာမှာရှိတဲ့ လက်လီစတိုးဆိုင်အမျိုးမျိုးဆီက ရာပေါင်းများစွာရှိတဲ့ Apple ထုတ် iPhone တွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို သိမ်းဆည်းတာဟာ ဖုန်းဝယ်စဉ် ဗူးထဲမှာ Charger ထည့်ပေးရမယ်ဆိုတဲ့ နိုင်ငံတွင်းဥပဒေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ Apple ကို ဖိအားပေးတဲ့ အနေနဲ့ လုပ်ဆောင်တဲ့ Operation Discharge ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်း ပြောပါတယ်။ ဘရာဇီးတာဝန်ရှိပုဂ္ဂိုလ်တွေဟာ Carrier စတိုးတွေနဲ့ တရားဝင်အသိအမှတ်ပြု Apple လက်လီအရောင်းဆိုင်တွေဆီကနေ ထုတ်ကုန်တွေ သိမ်းယူခဲ့တာပါ။ 

Apple ဟာ ၂၀၂၀ ပြည့်နှစ်မှာ ကြေညာခဲ့တဲ့ iPhone 12 က စပြီး ဖုန်းဗူးထဲမှာ Charger ထည့်သွင်းမှု ရပ်ဆိုင်းခဲ့သလို အသစ်ထုတ်တဲ့ iPhone 11 စီးရီး လက်လီဗူးတွေထဲမှာလည်း Charger ထည့်မပေးတော့ပါဘူး။ ဘရာဇီးဥပဒေအရ Charger မပါတဲ့ဖုန်းတွေ ရောင်းတာဟာ စားသုံးသူနစ်နာစေလို့ ပြစ်မှုမြောက်ပါတယ်။ ဘရာဇီးမှာ ထုတ်ကုန်တွေ သိမ်းဆည်းပြီးနောက် ဘရာဇီး Apple လုပ်ငန်းဟာ တရားရုံးရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို အယူခံဝင်နေစဉ်အတွင်း နိုင်ငံထဲမှာ iPhone ရောင်းခွင့်ပြုဖို့ပါ အစိုးရကို ပန်ကြားထားပါတယ်။ 


Photo: Gearrice

တရားရေးရာမှာ ကုမ္ပဏီဘက်က အနိုင်ရဖို့ ယုံကြည်ချက်ရှိတယ်လို့ ဆိုပေမယ့် ဘရာဇီးဈေးကွက်ထဲ အသစ်မိတ်ဆက်လိုက်တဲ့ Apple TV 4K ဗူးထဲမှာတော့ USB-C Charger ထည့်ပေးထားပြီး ဒီလို ထည့်ရတဲ့အကြောင်းရင်းတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က