Chat History ကို Wi-Fi ကတဆင့် iOS နဲ့ Android အချင်းချင်းသာ Share နိုင်ပါတယ်

ဖုန်းတစ်လုံးကနေ နောက်တစ်လုံးကို Chat History ပြောင်းတဲ့အခါ Cloud Backup ကို Social App အများစု အားကိုးလေ့ရှိပါတယ်။

ဒီနည်းလမ်းက လုံခြုံ စိတ်ချရဆုံး ဆိုမယ့် တစ်ခါတရံ အင်တာနက် ချိတ်ဆက်မှု ချို့ယွင်းတဲ့အခါနဲ့ Software ပိုင်း ပြဿနာ ရှိတဲ့အခါ Cloud Sync မဖြစ်တာ ၊ Backup လုပ်ဖို့ မေ့သွားတဲ့အခါမျိုးကျ လိုချင်တဲ့ ဒေတာ မပါလာတာ စသဖြင့် အသေးမွှား ကိစ္စတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် Cloud Sync လုပ်ဆောင်ချက်ကို အထူးတလည် ဂရုစိုက်ရပြီး Local Storage လို့ ခေါ်တဲ့ ဖုန်းထဲ သိမ်းထားတာမျိုးက ဒိထက် ပိုအန္တရာယ်များပါတယ်။

ဖုန်းပျောက်တဲ့အခါ သို့ ပျက်သွားတဲ့အခါမျိုးဆိုရင် ပြန်မရဖို့ ရာနှုန်းပြည့် သေချာတဲ့အတွက် Cloud Sync ကို အားထားရပြီး ဖုန်းတစ်လုံးကနေ နောက်တစ်လုံးကို အပြောင်းရွှေ့လုပ်ဖို့ ပိုလွယ်ကူသွားအောင် Wi-Fi Sharing လုပ်ဆောင်ချက်ကို WhatsApp ထည့်ပေးထားပါပြီ။

ဒီလုပ်ဆောင်ချက်က အခုမှ ပေါ်တာ ၊ သုံးတာ မဟုတ်လှပေမယ့် WhatsApp User တွေအတွက် အကျိုးရှိပါတယ်။ Cloud Sync နဲ့ Backup လုပ်စရာ မလိုဘဲ QR Code ကို Scan ဖတ်လိုက်ရုံနဲ့ Chat History ကို ကူးပြောင်းပေးနိုင်ပြီး ဖုန်းမှာပါတဲ့ Wi-Fi Direct Function ကနေ သုံးနိုင်ပါတယ်။

ဒီ Chat History Transfer လုပ်တဲ့ Feature အသစ်ကို Beta User များသာ စမ်းသပ်ခွင့် ရှိသေးပြီး Platform ကန့်သက်ချက် ရှိတယ်လို့ သိရပါတယ် ၊ ဆိုလိုတဲ့ အဓိပ္ပာယ်က Android ကနေ Android ၊ iOS ကနေ iOS သာ ခွင့်ပြုသေးတာမို့ လာမယ့် Update တွေမှာ Cross Transfer လုပ်ခွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

Meta အဆိုရ WhatsApp Chat Transfer လုပ်ဆောင်ချက်ဟာ Encryption အပြည့်ဝ သုံးစွဲထားတဲ့ ဖုန်းနှစ်လုံးနဲ့သာ Share ခွင့်ရှိပြီး ဒီလုပ်ဆောင်ချက်ဟာ Cloud Storage မှာ Backup လုပ်ဖို့ Data အရမ်းများသွားတဲ့အခါ အသုံးတည့်တာမို့ အစောပိုင်း ကာလတွေမှာ Transfer လုပ်ခွင့်ကို ကန့်သတ်ထားပုံရပါတယ်။

Source: GSMArena

Share

Loading Next Article...
က္က