အဆိုတော် ရွှေထူးဟာ City FM က ချီးမြှင့်ခဲ့တဲ့ ဆုတံဆိပ်ကို အောင်ဇဗ္ဗူတောရကျောင်းမှာ ပြန်လည်လှူဒါန်းခဲ့ပါတယ်။
Photo: Shwe Htoo fb
အဆိုတော်ရွှေထူးဟာ City FM က ဆုချီးမြှင့်ခဲ့တဲ့ ရွှေပြားလေးကို အောင်ဇဗ္ဗူတောရကျောင်းမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်လည်း ဇနီးမောင်နှံ နှစ်ယောက် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။
‘’လှူချင်တဲ့ City Fm ကရွှေပြားလေးကို လှူခွင့်ရအောင် လိုက်ပို့ပေးလို့ကျေးဇူးအထူးပါ။ ငါ့မိန်းမရေ’’ဆိုပြီးတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ၁၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ရွှေပြားလှူနေတဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ယူမိတဲ့အကြောင်းကို Comment ကနေတဆင့်ရေးသားခဲ့ကြပါသေးတယ်။
ရွှေထူးဟာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ပွဲကြီးမှာ ‘’၂၀၁၈ ခုနှစ်အတွက် သီချင်းတောင်းဆိုမှုအများဆုံး ဆု’’ ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဆုအတွက် ပရိသတ်တွေကို ရွှေထူးက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
'' အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော် အိမ်ထောင်ကျသွားလည်း ကျွန်တော့်ကို ချစ်ပေးနေကြတယ်။ ကျွန်တော့် သီချင်းတွေကို နားထောင်ပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ တတိယအခွေကို လည်း ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်'' လို့ ရင်ထဲကစကားကို ပြောခဲ့ပါတယ်။
Photo: Shwe Htoo Fb
ရွှေထူးဟာ ''စိတ်ကူးယဉ် စာအုပ်'' ၊ '' I '' စတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိထားပြီးတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အဲဒီနောက် အွန်လိုင်းပေါ်ကနေ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ခလုတ် သီချင်း ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အပြင် ရွှေမှုန်နဲ့ သီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
Photo: Shwe Htoo Fb
ရွှေထူးက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလို့နေပါတယ်။ ဇန်နဝါရီလ အတွင်းမှာပဲ နောက်ထပ် သီချင်းအသစ် တစ်ပုဒ်ဖြစ်တဲ့ ‘’ဆယ်ဆ’’ သီချင်းကို Joox Music မှာ တင်ခဲ့တာ တွေ့ရပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ဖို့ကိုလည်း ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။