မနက်(၉)နာရီမှ ည(၉)နာရီအထိသာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

နိုင်ငံအတွင်းမှာ Covid19 positive လူနာများရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ ဈေးဝယ်စင်တာတွေမှာ လူများတိုးပြီး ဈေးဝယ်လျှက်ရှိကာCity Makမှာ ဈေးဝယ်တဲ့ သူတွေအနေနဲ့ ဈေးဝယ်သူတစ်ဦးလျှင် ဝယ်ယူနိုင်တဲ့ပစ္စည်းအရေအတွက်ကို သတ်မှတ်ကြောင်း City Mart က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

မတ်လ(၂၃)ရက်နေ့ညပိုင်းက မြန်မာနိုင်ငံမှာ Covid 19 positive လူနာနှစ်ဦးရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိလာခဲ့ပြီး 24 Hours ဖွင့်တဲ့ City Martတွေမှာ မနက် (၃)နာရီလောက်ထိ တိုးဝှေ့ပြီး ဈေးများဝယ်ယူခဲ့ကြပါတယ်။တချို့ City Mart တွေမှာဆို ညတွင်းချင်းကုန်ပစ္စည်းပြတ်လပ်တဲ့ အထိဖြစ်သွားခဲ့ရပြီး ပိတ်လိုက်ရတဲ့ အထိဖြစ်ခဲ့ပါတယ်။



အခုလို City Martတွေမှာ တိုးဝှေ့ပြီးဈေးဝယ်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီးနောက် ဝေဖန်ပြောဆိုမှုတွေရှိခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မတ်လ(၂၄)ရက်နေ့ ညပိုင်းက Covid19 ရောဂါနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာလည်း အခုလို ဈေးဝယ်စင်တာတွေမှာ လူတိုးဝှေ့ပြီး ဈေးမဝယ်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။ 

Covid 19ကြောင့် ရိက္ခာပြတ်လပ်မယ့် အလားအလာမရှိဘဲ လူအုပ်ထဲတိုးပြီးဈေးဝယ်တာကသာ ရောဂါကူးမယ့် အလားအလာပိုများဖို့ရှိတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့တာပါ။ 

အစိုးရအနေနဲ့ အများပြည်သူတွေမရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဈေးတွေနဲ့ အရောင်းအဝယ်စင်တာတွေပိတ်သိမ်းဖို့မရှိဘဲ ဈေးဝယ်တဲ့အခါမှာမိသားစုအတွက် အမှန်တကယ်လိုအပ်တဲ့ ပမာဏကိုပဲဝယ်ယူကြဖို့ကို နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မေတ္တာရပ်ခံထားတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ‌‌တော့မြန်မာနိုင်ငံမှာ Covid 19 positive လူနာ(၃) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က