ဖေဖော်ဝါရီ(၁၄) ကစပြီး TV ဖန်သားပေါ်မှာ ကြည့်ရှုရတော့မှာပါ။

The Voice Myanmar ပြိုင်ပွဲကြီးကတော့ Coach အသစ်နဲ့ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မှာပါ။

Photo : The Voice Myanmar



ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းဆို ပြိုင်ပွဲတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ The Voice Myanmar ပြိုင်ပွဲကြီးက မကြာခင် ပရိသတ်တွေရှေ့မှောက်သို့ ပြန်လည် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ The Voice Myanmar Season 2 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဖောင်များကို ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလအတွင်းက ခေါ်ယူခဲ့ရာ ယှဉ်ပြိုင်သူများစွာထဲက အယောက်(၁၀၀) ကို ရွေးချယ်ခဲ့ပြီးဖြစ်တယ်လို့ ဇန်နဝါရီ(၂၁) ရက်နေ့က ပြုလုပ်တဲ့ The Voice Myanmar သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ ရွေးချယ်ခံရတဲ့ အယောက်(၁၀၀) ကတော့ အဆင့်(၄)ဆင့်ဖြင့် ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Photo : The Voice Myanmar

The Voice Myanmar Season – 2 ပြိုင်ပွဲကြီးကို နှစ်သစ်မှာ Coach အသစ်နဲ့ မြင်တွေ့ရမှာပါ။ The Voice Myanmar Season 2 ပြိုင်ပွဲကြီးမှာ ပါဝင်လာတဲ့ Coaches အသစ်က အဆိုတော် Rဇာနည် ဖြစ်ပါတယ်။

The Voice Myanmar Season 2 ပြိုင်ပွဲတွင် ဟန်ထူးလွင်(ကျားပေါက်)၊ ရန်ရန်ချမ်း၊ နီနီခင်ဇော်နဲ့ R ဇာနည်တို့က Coaches များအဖြစ် ပါဝင်ဆောင်ရွက်သွားမှာပါ။

Photo : The Voice Myanmar

The Voice Myanmar Season – 2 အစီအစဉ်ကြီးကို ဖေဖော်ဝါရီ(၂၄) ရက်နေ့ကစတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ည(၉း၀၀)နာရီ အချိန်မှာ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ The Voice ရဲ့ တရားဝင်ခွင့်ပြုချက်ဖြင့် MRTV-4 နဲ့ Forever BEC-Tero တိုု့ပူးပေါင်းပြီး ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ The Voice Myanmar သီချင်းဆို ပြိုင်ပွဲကတော့ Season 1 မှာကတည်းက ပရိသတ်အားပေးမှု ရရှိခဲ့ပြီး Season 1 ရဲ့ Winner ကို အဆိုတော် လင်းလင်းရဲ့အဖွဲ့ဝင် ငွေစိုးက ရရှိသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က