Python Script တောင် မ Run တတ်ဘူးလို့ ပယ်လ်မာက ပြောပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးကို ငရွှီးလို့ ပြောလိုက်တဲ့ Dogecoin ဖန်တီးသူ ဂျက်ခ်ဆန် ပယ်လ်မာကို အီလွန်မတ်စ်က Twitter ပေါ်မှာ ပြန်ဝေဖန်လိုက်ပါတယ်။ 

ဩစတြေးလျသတင်းဌာနတစ်ခုဖြစ်တဲ့ Crikey နဲ့ အင်တာဗျူးတစ်ခုမှာ ပယ်လ်မာက ပြောသွားတာ ဖြစ်ပါတယ်။ ပယ်လ်မာဟာ Twitter ပေါ်က Crypto Scams တွေကို ထောက်လှမ်းသိရှိနိုင်မယ့် bot တစ်မျိုး ဖန်တီးပြီးနောက် နှစ်အတန်ကြာက အီလွန်မတ်စ်ကို Twitter မှာ စာပို့ခဲ့တယ်လို့ ဆိုပါတယ်။ အပြန်အလှန် စာပို့ကြရင်းနဲ့ သိလာတဲ့အချက်က မတ်စ်ဟာ Coding ကို နားမလည်သလို Python Script တောင် မ Run တတ်ဘူးလို့ ပယ်လ်မာက ပြောပါတယ်။ 





"တစ်နေ့နေ့မှာ သူကတိပြုထားသလို လုပ်ပေးနိုင်မယ့်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့အမြင်ကို ချပြတာပဲ ရှိတယ်။ တကယ်က သူအဲ့ဒါကို သိအောင် မသိဘူး" လို့ ပယ်လ်မာက ဆိုပါတယ်။ "သိချင်ယောင်ဟန်ဆောင်ပြီး ဖြီးဖြန်းတဲ့နေရာမှာတော့ သူတကယ်ပဲ တော်ပါတယ်။ Tesla ရဲ့ အပြည့်အဝမောင်းနှင်နိုင်ရေး ကတိကဝတ်မှာ ဒါက ဘွားဘွားကြီး ပေါ်နေတာပဲလေ "

ပယ်လ်မာရဲ့ အင်တာဗျူး ထွက်လာပြီးနောက် မတ်စ်က Twitter ဟာ စကားလုံးကြမ်းကြမ်းတွေ သုံးပြီး ပြန်ဖိုက်ခဲ့ပါတယ်။ "ကျုပ်ကလေးတွေ ၁၂ နှစ် အရွယ်တုန်းကတောင် ဂျက်ခ်ဆန် ကျုပ်ကို ပို့တဲ့ အဓိပ္ပါယ်မရှိတဲ့ script ထက် သာတဲ့ ကုဒ်တွေ ရေးနိုင်တယ်။" လို့ ၂၀၁၈ ခုနှစ်က ပယ်လ်မာ သူ့ကို ပို့လိုက်တဲ့ Code အကြောင်း အင်္ဂါနေ့က Tweet မှာ မတ်စ်က ပြန်တုံ့ပြန်ပါတယ်။ "အဲဒါကြီးက တကယ်မိုက်တယ် ဆိုရင် တစ်ကမ္ဘာလုံးကို သူ့ကုဒ်ချပြပြီး လူတိုင်း Twitter ကို ပိုကောင်းတဲ့ အတွေ့အကြုံနဲ့ သုံးနိုင်အောင် လုပ်သင့်တယ်လေ"လို့ သူက ပြောပါတယ်။ 


ပယ်လ်မာဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က GitHub မှာ သူ့ Code ကို ချပြခဲ့ပါတယ်။ "ဒီ Code က တကယ့်အရှုပ်ကြီးလို့ ကျွန်တော် ဘယ်တုန်းကမှ မပြောပါဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့ Script ဟာ အဆင့်သိပ်မမြင့်တဲ့ Phishing Accounts တွေကို ဖမ်းပြီး Report လုပ်ရာမှာ အတိအကျ အလုပ်လုပ်နိုင်ခဲ့တယ်လေ။ အဲ့ကတည်းက သူတို့ရဲ့ နည်းလမ်းတွေ အဆင့်ဆင့်မြှင့်တင်ခဲ့တယ်။ လူတွေအများကြီးကို ဒီ Code ကျွန်တော် Share ခဲ့တယ်။ အဲ့ဒီ Code က သူတို့အတွက် အလုပ်လုပ်ပေးခဲ့တယ်" လို့ ပယ်လ်မာက ဆိုပါတယ်။ 

၂၀၁၈ ခုနှစ်က သူရေးခဲ့တဲ့ Script ဟာ ဒီနေ့ခေတ်လို အဆင့်မြင့်လာတဲ့ Scammer တွေအတွက်တော့ အသုံးဝင်မှာ မဟုတ်ဘူးလို့လည်း ပယ်လ်မာက ပြောပါတယ်။ Twitter ကို ဝယ်ဖို့ လုပ်နေတဲ့ မတ်စ်ကတော့ သူအရင်က လူသိများအောင် လုပ်ပေးခဲ့တဲ့ dogecoin မှာ ပယ်လ်မာရဲ့ ပါဝင်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။ "ပယ်လ်မာဟာ Dogecoin ကုဒ်ထဲက လိုင်းကလေးတစ်ကြောင်းတောင် တစ်ခါမှ မရေးဖူးခဲ့ဘူးဆိုတာကို ဖော်ပြဖို့ အမြဲတမ်း မေ့နေတယ်"လို့ မတ်စ်ရဲ့ Tweet မှာ ဖော်ပြထားပါတယ်။ 


ပယ်လ်မာဟာ မတ်စ်ရဲ့စွပ်စွဲမှုကို တုံ့ပြန်ဖို့ သူနဲ့အတူ dogecoin ပူးတွဲဖန်တီးခဲ့သူ မားကပ်စ်ကို အကူအညီတောင်းခဲ့ချိန်မှာ မားကပ်စ်က "ကျုပ်တို့နောက်က လူတွေကပဲ ဂျက်ဆင်နဲ့ ကျုပ်ရေးခဲ့တဲ့ ကုဒ်ထက် အဆပေါင်းများစွာ ရေးထုတ်သွားခဲ့တာပါ။ ကျုပ်ကတော့ ကုဒ်လိုင်း ၂၀ လောက်ပဲ ရေးခဲ့ပြီး ကျန်တာ ကော်ပီလုပ်ခဲ့တယ် ထင်တာပဲ" လို့ သူ့ Tweet မှာ ရေးထားပါတယ်။ 

ဒီ Tweet ကို အခု Delete လုပ်ထားတယ်လို့ ဆိုပါတယ်။ ပယ်လ်မာဟာ ၂၀၁၃ ခုနှစ်မှာ Dogecoin လို့ ခေါ်တဲ့ Cryptocurrency ပရောဂျက်တစ်ခုကို ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဖြစ်သူ ဘီလီ မားကပ်စ်နဲ့ ပေါင်းပြီး အပျော်သဘော ငွေချေစနစ်အနေနဲ့ ဖန်တီးခဲ့သူပါ။ Shiba Inu ခွေးမျက်နှာလေးနဲ့ လာတဲ့ ဒီ Cryptocurrency ဟာ ၂၀၂၁ မေလထဲမှာ ဈေးကွက်ငွေရင်းတန်ဖိုး ဒေါ်လာ ၈၅ ဘီလျံကျော် ရှိခဲ့ပြီး လက်ရှိ ပရီးမီယားလိဂ်အသင်း ဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းအတွက် ရှပ်အင်္ကျီစပွန်ဆာရှင်လည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က